တော်တော်ရယ်ရတဲ့ဟာသတစ်ပုဒ်ပေ၊ဒန်နာရီဟာ ရီစဲလ်ကို အစေခံတစ်ယောက်လို ဘယ်တော့မှ သဘောမထားဘဲ သူရဲ့သွေးသောက်ညီအစ်ကိုတစ်ယောက်ကို သဘောထားခဲ့သည်၊ဒါပေမယ့် နောက်ဆုံးတော့ သူဟာ သစ္စာဖောက်ခံလိုက်ရသည်မလား၊
ဝိညာဉ်ဒန်နာရီဟာ အံကြိတ်လိုက်ပြီး သက်ပြင်းကို လေးလေးပင်ပင်ချလိုက်သည်၊နာကြဉ်းမှုကြောင့် သူရဲ့ဝိညာဉ်ပင် နာကျင်လှသည်၊ဒါတွေအားလုံးဟာ အတိတ်က ပုံရိပ်ယောင်တွေဖြစ်ပြီး လက်တွေ့ဘဝမှာ လုပ်စရာတွေများပြားလှတာကြောင့် သူဟာ လူပိန်းတစ်ယောက်လို ဒီထဲမှာ ပိတ်နေစရာအကြောင်းမရှိပေ၊
"သခင်လေး မင်းကို ဒီလိုလူမျိုးလို့ ငါမထင်ခဲ့ဘူး... ဒါက ငါ့ကို စိတ်ပျက်စေတယ်" ရီစဲလ်ဟာ အံ့ကြိတ်ကာပြောလာတော့သည်၊ဒန်နာရီရဲ့ခြောက်သွေ့နေတဲ့နူတ်ခမ်းများဟာ ဖွင့်ဟသွားပြီးနောက်မှာ ပြန်ပိတ်သွားတော့သည်၊
'မင်းက ငါ့ကို ဒီလိုလူမျိုးလို့ပဲ အမြဲတွေးနေခဲ့တာ မဟုတ်ဘူးလား' ဝိညာဉ်ဒန်နာရီဟာ စိတ်ထဲကနေပြောလိုက်ပြီး သူရဲ့ရင်ဘက်နှလုံသားရှိရာကို ဖိလိုက်ပြီး ခပ်ဟဟရီလိုက်သည်၊
ဒန်နာရီနားမှာ မိတ်ဆွေများစွာမရှိခဲ့ပေ၊ဒန်နာရီ အလွန်ယုံကြည်ရတဲ့သူတွေထဲမှာ ရီစဲလ်လည်းပါဝင်ခဲ့သည်မလား၊အိုလီဘာအေးစက်စက်စကားတွေထက် ရီစဲလ်ရဲ့စကားဟာ ဒန်နာရီကို ပိုနာကျင်မိသည်၊
ဒန်နာရီရဲ့မျက်ဝန်းတွေဟာ အန်ဒီးယားဆီရောက်သွားတော့သည်၊ ရီစဲလ်ဟာ ရှေ့ကနေ ပိတ်ကွယ်လိုက်သလို အိုလီဘာဟာလည်း ဒန်နာရီမမြင်အောင် ကာကွယ်ပေးနေတော့သည်၊သူတို့စိတ်ထဲမှာ ဒန်နာရီဟာ အန်ဒီးယားကို ထိခိုက်စေမဲ့မကောင်းဆိုးဝါးလိုပင်၊
ဒန်နာရီဟာ မျက်ရည်များစီးကျနေပြီး သူ့ကိုစိုက်ကြည့်နေတဲ့သူတွေကို ကြည့်လိုက်သည်၊
"ကျွန်တော်ရဲ့ဘဝက သူရဲ့မျက်ရည်တစ်စက်လောက်တောင် တန်ဖိုးမရှိပါလား..."
"အဖေပြောကြည့်ပါ ကျွန်တော် ငယ်စဉ်တည်းက ရိုစဲဆလပ်အိမ်တော်ကို များစွာတိုးတက်အောင် ကူညီပေးခဲ့တယ်၊ ကျွန်တော်နာမည်ကို ထုတ်ဖော်မပြသဘဲ အခြားသူနာမည်နဲ့အစားထိုး ထုတ်ဖော်ခဲ့တာတောင် ကျွန်တော် အပြစ်တင်ဖူးလား"