"ချပေး ကျွန်မပြန်မလိုက်ဘူးလို့..."

"စက်ဝန်းအလွန်...အရူးကောင် ချပေးလို့"

အနှစ်သည် နှုတ်ကသာ ဆက်တိုက်ပြောနေနိုင်ပေမဲ့ ခန္ဓာကိုယ်ကတော့ မလွှတ်မြောက်နိုင်ခဲ့။ ဤသို့ဖြင့် မွန်လေးနဲ့ရှောပင်ထွက်ရမဲ့အစား ယောက်ျားဖြစ်သူနဲ့သာ ပါသွားရတော့သည်။

အနှစ်တို့ထွက်သွားသည့်အခါ မွန်လေးမှ...

"ဒါဆို ငါတစ်ယောက်တည်း ဒိတ်တာပေါ့"

ထိုသို့ ကိုယ့်ဘာသာပြောရင်း ဟိုတယ်ထဲမှထွက်ခွါသွားပါသည်။

အဆင့်မြင့်ရပ်ကွက်တစ်ခု၏ လမ်းမပေါ်မှာ ကားတစ်စီး‌သည် ဖြေးဖြေးလေးသွားနေ၏။ ထိုကားထဲကမောင်းသူနေရာမှာ စက်ဝန်းဖြစ်ပြီး lover seat နေရာမှာတော့ အနှစ်ပါလာ၏။ အတင်းအကြပ်ဆွဲခေါ်ခံရ၍ မျက်နှာကတော့ ဆူပုတ်နေကာ ဘာစကားမှမပြောပေ။ မောင်းသူဘက်ကို တစ်ချက်လေးမှလှည့်မကြည့်တာ အိမ်ပြန်ရောက်သည်အထိ။

"ကိုကို့ကိုစကားမပြောတော့ဘူးလား"

စက်ဝန်းက ကားရပ်လိုက်သည်နှင့် စကားစပြောလာ၏။ အနှစ်ကပြန်မဖြေဘဲ ကားတံခါးကိုဖွင့်ဖို့ပြင်သည်။ သို့သော်ဖွင့်မရ။ ‌

"ဖွင့်ပေး..."

"ကိုကို့ကိုစကားပြောမှ"

"ပြောစရာမရှိဘူး"

"အနှစ် သဲလေး..."

စက်ဝန်းက အားသုံးကာ အနှစ်ကို ‌ပွေ့ကာ ရင်ခွင်ထဲထည့်၏။ အနှစ်ကအတင်းရုန်းသည်။

"စိတ်ကောက်ပြေပါတော့ ကိုယ်တောင်းပန်ပါတယ်"

"ကိုကိုမှားသွားတယ်...သဲလေးကကိုယ့်ကိုမယုံဘူးပြောလို့ ဒေါသထွက်ပြီး စကားလုံးတွေမှားသွားတာ"

"မကြားချင်ဘူး ကျွန်မကိုလွှတ်စမ်းပါ..."

အနှစ်အားကုန်သုံးပြီး လက်ကိုရမ်းပြစ်တော့ အနှစ်လက်သည်းရှည်လေးတွေက စက်ဝန်းပါးကို ခြစ်မိ၏။ ထို့ကြောင့် စက်ဝန်းပါးမှာ သွေးရေးရေးလေးထွက်လာ၏။

"ကျွန်မကို မထိနဲ့လို ပြောတာကို..."

ကျစ်...စက်ဝန်းတစ်ကယ်ပင်စိတ်တိုသွားရ၏။ ဒီလောက်ချော့နေတာကို မထိနဲ့လို့‌ပြောထွက်သေးသည်။ နဂိုကတည်းက စိတ်မရှည်တာရော၊ ရွဲ့ချင်စိတ်ရောက ပင်ကိုစရိုက်မှာရှိတာမို့ သူမကိုယ်လုံးကို ဖမ်းချုပ်ကာ အပေါ်စီးကနေအုပ်မိုးလိုက်၏။ ပြီးနောက် တစ်ဆက်တည်းသူမမျက်နှာအနှံ့ အနမ်းကြမ်းတွေဖြန့်ကြဲချပြစ်တော့သည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now