အနှစ်ဆိုတာ အဲ့လိုပါ။ မကြိုက်တာလုပ်တာကိုမတားဘဲ တန်းတူမကြိုက်တာလိုက်လုပ်မယ်တဲ့။ ပြီးရင် အနှစ်ပဲနာကျင်ရမှာကို။

ဒါပေမဲ့လည်း တစ်ချို့က နာကျင်ရမှာသိရက်နဲ့လုပ်ချင်တာလည်းရှိသည်။

"နင်တို့အခုထိမပြေလည်သေးဘူးလား"

"အင်း ငါသူ့အိမ်ကထွက်လာတာကို အခုထိလိုက်မရှာဘူး လိုက်ရှာတာထား...ဖုန်းလေးတောင်မဆက်ဘူး ဒါလားချစ်တာ...ငါနဲ့အတူ မာနပြိုင်နေတာ"

အနှစ်ပြောရင်းမှ မျက်နှာက ပုံမှန်ထက်ပိုပြီးတည်သွား၏။ မှားကလည်းမှားသေး၊ ဝန်ခံရမှာကကြောက်သေးနဲ့ စက်ဝန်းအလွန်တို့သတ္တိမရှိဘူး။

"လိုက်မရှာတာဟုတ်ရဲ့လား..."

မွန်လေးစကားကြောင့် ကားတံခါးမဖွင့်သေးဘဲ မွန်လေးကို ကြည့်မိတော့ နောက်ကိုမျက်စပြစ်ပြတာကြောင့် နောက်လှည့်ကြည့်လိုက်တော့ ကားဘော်ဒီကို မီကာ သူမကို စူးစိုက်ကြည့်နေသည့် ကိုကို။ မဟုတ်ဘူး အခုက စက်ဝန်းအလွန်။

"စိတ်တိုင်းကျနေပြီးပြီ အခု အိမ်ပြန်လိုက်ခဲ့..."

"မမြင်ဘူးလား ကျွန်မတို့ရှောပင်ထွက်မလို့"

အနှစ်ကခေါင်းပေါ်မှာတင်ထားသည့်နေကာမျက်မှန်ကို မျက်နှာပေါ် အထာကျကျတပ်လိုက်ရင်းဖြေသည်။ ဆိုလိုတာက အိမ်ပြန်ဖို့စိတ်မဝင်စားဘူးဆိုသည့်သဘော။

"အနှစ် မဂျစ်နဲ့..."

ကားပေါ်တက်ဟန်ပြင်နေသည့်အနှစ်လက်ကို ဆွဲရင်း စက်ဝန်းတားသည်။

"ကျွန်မစကားမှာ ဂျစ်တဲ့အဓိပ္ပါယ်တစ်ခုမှမပါဘူး...လွှတ်"

"မလွှတ်ဘူး ကိုကိုနဲ့ပြန်လိုက်ခဲ့"

"ရှင် ကျွန်မကိုမထိနဲ့ ပြန်ချင်ရင်ရှင့်ဘာသာပြန်"

"မပြန်ဘူး ငါနဲ့ပြန်လိုက်ခဲ့"

"စက်ဝန်းအလွန်!.."

တစ်ယောက်က ငါဆို တစ်ယောက်က နာမည်ကိုအော်ခေါ်သည်။

အနှစ်အတင်းငြင်းလွှတ်ကာ မွန်လေးကားပေါ်တက်ဖို့ကြံပေမဲ့ စက်ဝန်းကအားသုံးပြီးသူမကို ပွေ့ချီပြစ်တာကြောင့် သူ့လက်ထဲ ‌အလွယ်တကူပါသွား၏။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now