Part 23

3.2K 86 0
                                    

"မမလေးရေ...""

""ရှင်ရှင်...ဒီမှာပါ""

ခြံထဲကဒန်းလေးပေါ်ထိုင်နေရင်းမှ အသံလှမ်းပြုလိုက်ခြင်းပင်။

ကိုကို့ဆီ နေ့လည်စာသွားပို့ရန် အဆင်ပြေမည့်ဟင်းချက်နည်းကို You Tubeနှင့်facebook၌ ရှာကြည့်နေစဥ် အစေခံမိန်းကလေးတစ်ဦးက ရှင်ရှင်ရှိရာဆီ ပြေးထွက်လာ၏။သူ့လက်ထဲတွင်လည်း  တစ်စုံတစ်ရာကိုဆုပ်ကိုင်လျက် ရှင်ရှင့်အရှေ့၌ ခေါင်းလေးငုံ့ကာရပ်လိုက်ပြီး...

""ဧည့်ခန်းထဲမှာ ဒီဖုန်းလေးတွေ့လို့ပါ
အစ်ကိုလေးဟာတော့မဟုတ်ဘူးထင်တယ်""

လှမ်းကြည့်လိုက်တော့ သူပြနေတာ တကယ်ပဲ ကိုကို့ဖုန်းမဟုတ်။ သို့သော် လက်လေးကမ်းကာ လှမ်းယူလိုက်ရင်း...

""ဒါ မမရဲ့ဖုန်းပဲ
စောစောက ကျန်ခဲ့တာနေမယ်""

ဖုန်းလေးကိုကြည့်ကာ ရုတ်တရက်ပဲအတွေးတွေများလာရပြန်သည်။ မမက ရှင်ရှင့်လိုအားနေတဲ့သူမဟုတ်ဘူးလေ။ အရေးကြီးတဲ့ဖုန်းတွေဘာတွေဝင်လာရင် ဘယ့်နှယ်လုပ်မလဲ၊ companyကိုတော့ ဆက်သွယ်လို့ရပေမယ့် private callတွေဆိုရင်ရော...??

!ငါ မမရဲ့companyကိုသွားပေးရင်ကောင်းမလား!

""တီ တီ""

အတွေးလေးမှမဆုံးသေးခင် ခြံဝ၌ ကားဟွန်းသံထပ်ကြားရလေ၏။ ဟုတ်ပါသည်၊ မမရဲ့ကားလေးရောက်လာတာပဲ။ဖုန်းကျန်ခဲ့တာ သတိရသွားပြီထင်ရဲ့။

""မမ""

ရှင်ရှင်ကိုယ်တိုင်ပဲ တံခါးပြေးဖွင့်ပေးပြီး အနားသို့ချက်ချင်းရောက်သွားရလျှင် မမကလည်း ကားပေါ်မှဆင်းလာကာ...

""ညီမလေး မနက်စာစားပြီးပြီလား""

""ဟုတ်! ကိုကိုတောင် အလုပ်သွားပြီ
မမ...ဖုန်းကျန်ခဲ့လို့မဟုတ်လား...ဒီမှာ!""

ဖုန်းလေးထောင်ပြကာ ပြောလာတော့ ကြိုးကခေါင်းလေးအသာငြိမ့်ပြ၍ ပြုံးနေလိုက်သည်။တကယ်က ကျန်ခဲ့တာမဟုတ်ဘဲ ချန်ခဲ့တာပါ။အကြောင်းကတော့ သပ်သပ်ရှိတာပေါ့။ဘာကိုမှနားမလည်တတ်သည့် ချစ်သည်းရှင်ဟာ အရာရာကို ရိုးရိုးစင်းစင်းတွေးလွန်းပါတယ်။ သိပ်ကို ကလေးဆန်တယ်။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now