""ကိုကို!""

လူဝင်လာတာမြင်သည်နှင့် ချစ်ဇနီးပေါက်စက ထိုင်နေရာမှ ဖျတ်ခနဲထရပ်ကာ သူ့ထံပြေးလာလေ၏။ပြေးရုံနဲ့လည်းမပြီးသေး၊ အနားရောက်တော့ လက်လေးတွေက ကျောပြင်ဆီသိုင်းယှက်၍ ရင်ခွင်ထဲသို့ခေါင်းလေးတိုးဝင်လာကာ မျက်နှာအပ်ထားလိုက်ပြီး...

""ကိုကိုကလည်း ကြာလိုက်တာ
မြန်မြန်မလာဘူး""

ချွဲချွဲနွဲ့နွဲ့လေသံလေးကြောင့် ရင်ထဲကအသည်းနှလုံးတစ်ခုလုံးပင် အရည်ပျော်ကျတော့မည့်နှယ်ပါ။ လူတွေကြားမှာလည်း ဒီကလေးက ဇွတ်ကို ချွဲစိန်လေးလုပ်တော့တာ။ ဟင်း! ဒီကောင်မလေးကြောင့်နဲ့လည်း နှလုံးရောဂါရတော့မယ်ထင်ပါရဲ့နော်။

""ဖုန်းဆက်တာနဲ့ကိုကိုချက်ချင်းထွက်လာတာပါကွာ။ ကဲ...ပြော! ကိုယ့်ကလေးလေး စိတ်ညစ်အောင်ဘယ်သူလုပ်လဲ""

ရင်ခွင်ထဲရောက်နေသည့် မိန်းကလေးကို အလိုက်သင့်ပြန်ဖက်၍ ကြင်ကြင်နာနာငုံ့ကြည့်ပြီး မေးခွန်းတွေမေးနေသည်မို့ ဆိုင်ဝန်ထမ်းတွေလည်း အခြေအနေကိုသဘောပေါက်လိုက်ပြီ။ဒီချာတိတ်လေးက တကယ်ကို CEOကတော်ပဲကိုး။ သွားပါပြီ၊ အခုတော့ ဘယ်လိုများရှင်းပြတောင်းပန်ရမည်နည်း။စောစောကတော့ တကယ်ကိုရုပ်တည်ကြီးတွေနဲ့ ဖိဟောက်ထားမိတာလေ။

အချင်းချင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နှုတ်ဆိတ်နေကြစဥ် မန်နေဂျာဖြစ်သူကသာ ရှေ့သို့ထွက်ရပ်လိုက်၏။

""ကျွန်တော်တို့တောင်းပန်ပါတယ်ခင်ဗျာ
CEOကတော်အပေါ်မှားယွင်းစွပ်စွဲမိပါတယ်
တကယ်မထင်လိုက်တာပါ""

ပျာပျာသလဲခေါင်းငုံ့တောင်းပန်လာသည်မို့ ရှင်ရှင်က ကိုကို့ရင်ခွင်ထဲမျက်နှာဝှက်ထားရင်းမှ ကျေကျေနပ်နပ်ကျိတ်ပြုံးမိ၏။ ဘယ့်နှယ်ရှိစ! စောစောကတော့ လူကိုမယုံသင်္ကာမျက်လုံးတွေနဲ့ဝိုင်းပြောကြပြီးတော့များ...။အခုမှ လွယ်လွယ်တောင်းပန်လို့ရရိုးလား။ ဟွန့်!တွေ့ကြသေးတာပေါ့။

""အခုမှတောင်းပန်မနေနဲ့""

အားကိုးရာရင်ခွင်ထဲ တိုးဝင်ဖက်တွယ်ရင်းမှ အနောက်သို့ဆတ်ခနဲလှည့်ကာ ရန်စွာပစ်လိုက်ပြီး ကိုကို့မျက်နှာဆီသို့မော့ကြည့်၍...

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now