"ကျွန်တော် အဲ့ကောင်ကိုလုံး၀လက်ထပ်မှာမဟုတ်ဘူး ဒီလက်ထပ်ပွဲကို ဖြတ်သိမ်းပေးပါ ။
ကျွန်တော့်စိတ်ဆန္ဒကို တောင် မမေးပဲနဲ့များ စီစဉ်တဲ့ ပွဲကိုလုံး၀လက်မခံနိုင်ဘူး"
"Jeon Jungkook မင်း လူကြားထဲမှာ ငါကို စောက်ရှက်ခွဲနေတာလားဟေ့ကောင် ငါ စီစဉ်အတိုင်းလုပ် မင်းမှာ ဘာမှမထွန့်တက်စရာအကြောင်းမရှိဘူး "
Jeon Jungkook တစ်ယောက် အဖေဖြစ်တဲ့ သူတစ်ယောက် ပြောတာကို နားမ၀င်ဘဲ တစ်ဖက်ဘေးမှာ ထိုင်နေတဲ့ ဖိသားစုက သူတွေကို လှည့်ပြီး သောင်းကျန်းပြန်တယ်။
"ဒီမှာ ခင်ဗျားတို့ သားကို ကျွန်တော်လုံး၀လက်ထပ်နိုင်မှာမဟုတ်ဘူး အခုချက်ချင်း လက်ထပ်ပွဲကိုဖြတ်ပေး ခင်ဗျားတို့ အိမ်တော်အချင်းချင်းထားထားတဲ့ကတိကြောင့်ပဲနဲ့ ခင်ဗျားတို့သားကို ယူစရာ ဘာစောက်ကြောင်းမှမရှိဘူး"
"ပြီးတော့ Kim Taehyung မင်းလိုအ ဆိပ်ပြင်းတဲ့ ကောင်ကို ရွံလွန်းလို့ လုံး၀ယူမှာမဟုတ်ဘူးကွ မင်းထက်သာတဲ့ အို..ပြောရရင် မင်းကငါချစ်ရသူ ဖြူဖြူစင်စင်အေးအေးချမ်းချမ်းနဲ့ ချစ်ဖို့ကောင်းတဲ့ moriလေးရဲ့ခြေမှုန်လေးတောင်မမှီဘူး ဟေ့ကောင် "
ကြီးကျယ်ခမ်းနားပြီး ရွှေရောင်တွေ တဖိန့်ဖိန့်ကျနေတဲ့ ဧည့်ခန်းထဲမှာ မိသားစုနှစ်စုရဲ့ အခြေအတင်ပြောနေသံများမှာ ဧည့်ခန်းတစ်ခုလုံး ဟိန်းဟိန်းထနေသည်။ ထိုထဲမှာJeon Jungkook ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ အသံ ရန်စကားအများဆုံးပြောနေပေမဲ့ ထိုထဲက ရွှေမှုန်အောင် ချောပေမဲ့ မျက်လုံးကတော့ ရက်စက်တဲ့အကြည့်တွေပိုင်ဆိုင်ထားတဲ့ Kim Taehyung ဆိုတဲ့ အဆိပ်ပန်းလေးကတော့ ဘာတစ်ခွန်းကတော့ မဲ့ပြုံးလေး သာပြုံးပြီး စကားတစ်ခွန်းသာပြောလိုက်လေသည်။ ထိုအကြောင်းကတော့
"ငါက မင်းဟာမလိုမျိုး ပုံစံမျိုးမဟုတ်တဲ့အတွက် မင်းဟာမရဲ့ ခြေမှုန်တောင်မမှီဘူးဆိုတာ ဖြစ်နိုင်ပါတယ် အဲ့တာကြောင့်လဲ ငါက မင်းကိုရအောင်ယူမှာ မင်းဟာမရဲ့ ခြေမှုန်တောင်မမှီတဲ့ငါက မင်းကိုရအောင်ယူမှာJeon Jungkook"
YOU ARE READING
𝕍𝔼ℕ𝕆𝕄
Fantasyဘယ်လိုလဲ jeon...မင်းရဲ့ဖြူစင်ချစ်ဖို့ကောင်းပြီးအေးချမ်းလွန်းတယ်ဆိုတဲ့ ဟို မိန်းမထက် ငါ့လို အဆိပ်ပြင်းတဲ့ သူ တစ်ယောက်ကိုပိုင်ဆိုင်ရလိုက်ရတာ ကျေနပ်ရဲ့လား။ butမင်းရဲ့အပိုင်ဖြစ်သွားပြီဆိုပြီးတော့ မင်းရဲ့ဟာမ ပုံစံမျိုးပုံသွင်းဖို့ကြိုးစားမယ်ဆိုရင် အခုကထဲ...
