နှစ်ယောက်သားချစ်လိုက်ကြတာမှ တုန်လို့ခါလို့။ ရည်းစားသက်တမ်းတစ်လျှောက်လုံး လုပ်သင့်တာတွေရော မလုပ်သင့်တာတွေရော အကုန်လုပ်ဖူးသွားကြကာ ဝေ့ရှီးတစ်ယောက် ချန်မော့ကို သူမအဖေနဲ့တွေ့ပေးဖို့အထိဆုံးဖြတ်လိုက်တော့သည်။ အိမ်ခေါ်သွားချိန် ဝေ့မင်ရဲ့အရှိန်အဝါကြောင့် ကြောက်စိတ်တုန်ပြီး သားမက်လေးခဗျာ ယောက္ခထီးကို မျက်လုံးချင်းဆုံအောင်တောင်မကြည့်ရဲရှာပေ။ ဝေ့မင်ကတော့ ဒီလိုသတ္တိကြောင်သည့်လူမျိုးကို သားမက်မတော်ချင်ပါ။ သို့သော် ဒီလူက သူ့သမီးသဘောကျတဲ့လူဖြစ်နေတာကြောင့် သမီးလေးစိတ်ဆင်းရဲမှာကိုမကြည့်ရက်သဖြင့် ဝေ့ရှီးသဘောအတိုင်း ခွင့်ပြုထားလိုက်ရသည်။

ချန်မော့က အစပိုင်းမှာ ဝေ့ရှီးရဲ့သရုပ်အမှန်ကို သိချင်စိတ်ဝင်မိပေမဲ့လည်း သူခန့်မှန်းထားသလောက်ကတော့ ဝေ့ရှီးက အတော်အသင့်ချမ်းသာသည့်မိသားစုကလာသော သူဌေးသမီးလေးတစ်ယောက်ဆိုတာထက်မပိုပေ။ သူမက သူတို့မိသားစုထက် ပိုချမ်းသာကောင်းချမ်းသာနိုင်ပေမဲ့လည်း မိသားစုနှစ်ခုရဲ့ကွာခြားချက်က အဲ့လောက်အကွာကြီးမဟုတ်လောက်ဘူးဟု အမြဲတမ်းတွေးထင်ထားခဲ့သည်။ သို့သော် ဝေ့ရှီးက ချန်မော့ကို သူမအဖေဝေ့မင်နဲ့လည်းပေးတွေ့လိုက်ရော အတိမ်အနက်မသိသည့်ချန်မော့က ဘယ်လောက်ပဲတုံးအနေပါစေဦး ဝေ့မိသားစုက သူထင်ထားသလောက်မရိုးရှင်းမှန်း ရိပ်မိသွားခဲ့လေသည်။ ဝေ့ရှီးကလည်း သူမရဲ့အနာဂတ်ခင်ပွန်းလောင်းကို ဖုံးကွယ်ထားဖို့ဆန္ဒမရှိတာကြောင့် သူမမိသားစုအခြေအနေကို ချက်ချင်းရှင်းပြလိုက်သည်။ ထိုစဥ် နေရာမှာတွင် တောင့်ခဲသွားသည့်ချန်မော့တစ်ယောက် ကြောက်လန့်တုန်လှုပ်သွားကာ ဝေ့အိမ်ကနေပြန်လာလာချင်း ဝေ့ရှီးနဲ့ချက်ချင်းလမ်းခွဲပစ်လိုက်တော့သည်။

ချန်မော့တစ်ယောက် ဖိအားတွေခံစားနေရသည်။ ဒီလိုမိသားစုနောက်ခံမျိုးရှိသည့် ဝေ့ရှီးနှင့် သက်ဆုံးတိုင်ပေါင်းဖက်နိုင်လိမ့်မည်ဆိုသည့် ယုံကြည်ချက်မျိုး ချန်မော့မှာမရှိတော့ပါ။ ဝေ့ရှီးတို့မိသားစုအနေအထားက သူခန့်မှန်းထားတာတွေနဲ့ အကွာကြီးကွာလွန်းနေတာကြောင့် အခုအချိန်မပြတ်ထားလျှင်တောင် နောက်ပိုင်း ထိုဟွာဟချက်တွေကြောင့်ပဲ သူတို့လမ်းခွဲရလိမ့်မည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now