I love You

3K 226 5
                                    

Xiu'pov.

Luhan မနိုးခင်​ကျွန်​မအရင်​နိုး​နေသည်​က အခွင့်​အ​ရေးတစ်​ခုပင်​ဖြစ်​သည်

ဒီ​နေ့​ဆေးစစ်​ချက်​အ​ဖြေ သူ့လက်​ထဲမ​ရောက်​ဖို့ ဘယ်​လိုလုပ်​ရမလဲ? ?

ကျွန်​မသူ့ရင်​ခွင်​ထဲကအသာရုန်းထွက်​လိုက်​ပြီး

အိပ်​​မောကျနတဲ့သူ့မျက်​နှာကိုအသာအယာထိကိုင်​ကြည့်​ချင်​​ပေမယ့်​ သူနိုးသွားလို့မဖြစ်​ .

ကုတင်​​ပေါ်ကအသာဆင်း မျက်​နှာသစ်​ပြီးတာနဲ့

ဆရာဝန်​ဆီ​ပြေးရ​တော့်သည်

"သမီး ​စော​စောစီးစီးပါလား ဆရာ​တောင်​အခုမှ ​ရောက်​တယ်​ ကယ်​ဆိုပါဦး ဘာကိစ္စတုန်း"

"ဆရာ ..ဒီ​နေ့ရမယ်​ဆိုတဲ့​ဆေးစစ်​ချက်​​လေ "

ကျွန်​မစကားမဆုံး​သေး​ပေမယ့်​ ဆရာ့မျက်​နှာကချက်​ချင်းအ​ရောင်​​ပြောင်းသွားသည်

ကျွန်​မကိုကြည့်​​နေတဲ့မျက်​၀န်း​တွေမှာ သနားတဲ့အရိပ်​အ​ရောင်​​တွေထင်​ဟပ်​​နေသည်​ .

ကျွန်​မလက်​ဖျား​တွေ​အေးစက်​လာပြီ .ဆရာဝန်​တစ်​​ယောက်​ကလူနာကိုသနားလို့ကြည့်​တဲ့အကြည့်​ကို​တောင်​ကျွန်​မခံနိုင်​ရည်​မရှိတာကို သူနဲ့ ​မေ​မေသာဆို ကျွန်​မထို​နေရာမှာတင်​ အ​ငွေ့ပျံချင်​စိတ်​​ပေါက်​သွားလိမ့်​မည်

"သမီး ..."

"ရပါတယ်​ ဆရာ ..သမီးသိပြီးသားပါ "

ဆရာကအံ့သြသွားတဲ့ပုံစံနဲ့ .

"ဒါဆို ..ဘာလာလုပ်​တာလဲ ?သမီးက​ဆေးရုံကုတင်​​ပေါ်မှာပဲရှိ​နေသင့်​တာ​လေ "

အဲ့တာကျွန်​မရဲ့​နေရာအမှန်​ဟုတ်​လို့လား ? ကျွန်​မလုပ်​စရာ​တွေကျန်​​သေးသည်​။

"ဆရာ ...ဆရာသာ သမီး​နေရာမှာဆို အိမ်​ကိုဒီကိစ္စကြီးအသိ​ပေးချင်​ပါ့မလား"

ဆရာ ခဏ​တော့စဉ်းစား​နေပုံရသည်​။သက်​ပြင်းတစ်​ချက်​ချလိုက်​ပြီး​တော့မှ

"လူငယ်​နဲ့လူကြီးဒီလိုကိစ္စ​တွေမှာကွာတယ်​သမီး..ဆရာဆိုရင်​.."

I will be YoursWhere stories live. Discover now