🔞နန်းဆောင်တော်သို့ခေါ်ဆောင်ခြင်း🔞

1.5K 16 1
                                    

" ဘာ !!! စစ်ဗိုလ်မှူးက က ဒေါသတကြီးထွက်သွားတယ် ဟုတ်လား....မင်းတို့က ရအောင်မတားဘူးလားဟမ်...."

"ကျွန်တော်တို့လို ဗိုလ်မှူးနောက်လိုက်က ဘယ်လိုလုပ်တားရဲမှာလဲဗျာ!!! "

" မင်း !!! "

ဗိုလ်ကြီး မင်းသက်တန့်ဟာ စစ်ဗိုလ်မှူး ရောင်သခင် ကို အတော်စိတ်ပူသွားခဲ့သည် ။

အမိန့်မရသေးတော့ ဘယ်သူမှအခန်းထဲ မထွက်ကြသေးတော့ .....ဗိုလ်ကြီး မင်းသက်တန့်လည်း ....

" သွားကြ....အခုချက်ခြင်း စစ်ဗိုလ်မှူးနောက်ကို
အမှီလိုက်ကြ ...."

အမှတ်1 အထူးတပ်ဖွဲ့ 6ယောက်လည်း သေနတ်တွေ ကိုယ်စီ ယူကာ Msx 125 sf ဆိုင်ကယ် အမျိုးအစား တစ်ယောက်တစ်စီးယူကြကာ အကြမ်းပတမ်းမောင်းထွက်သွားကြတော့သည် ။

( စစ်ဗိုလ်မှုး ကို ဒေါသထွက်နိူင်အောင် လုပ်တာ ဒီလူအရည်ခြင်းက တော်ရုံတန်ရုံ မဟုတ် )

ဒိုင်း!!!! ဒိုင်း!!!!

" မျိုးမစစ်ကောင် ပုန်းနေရာ ထွက်ခဲ့စမ်း...."

ရောင် ဒေါသတစ်ကြီး သေနတ်တွေ ဆက်တိုက်ပစ်တော့ သြရှရှရီသံက ရောင်သခင်ကို လှောင်ရီနေသယောင် !!!!

" အဟက် ....စစ်ဗိုလ်မှုးရောင်သခင်ရဲ့ အမြန်နူန်းက ထင်ထားတာထက် ပိုမြန်နေတာဘဲ...."

မျက်နှာဖုံးနဲ့ ထိုလူက လှေကားကနေ တစ်ဖြေးဖြေး ဆင်းလာတော့ ရောင် စူးရဲစွာ ကြည့်မိလိုက်တော့.....

" sam !!!! နင် ...နင်က sam ...."

"အို ....စစ်ဗိုလ်မှုးက sam ကို သိတယ်ပေါ့....အဟွန်း ဒါမယ့် ဆိုးတာက ကိုက sam မဟုတ်ဘူး ...."

ပြောပြောဆိုဆို ဆတ်ကနဲ ခါးကို ပွေ့ကာဆွဲလိုက်တာမို့ ....ရောင်ထိုလူရဲ့လက်ကို အလန့်တကြား ကိုင်ရင်း ....ကိုင်ထားတဲ့ ဓားက ထိုလူရဲ့လည်ပင်းဆီကို ထောက်ထားလိုက်တော့သည် ။

"ကျွန်မ ကိုင်ထားတာ ကလေးကစားစရာမဟုတ်ဘူး...မင်း ခေါင်းထဲက အတွေးတွေကို ချက်ချင်းထုတ်ပစ်ပြီး ဓားစာခံကို ခုချက်ချင်းထုတ်လာခဲ့...."

" ကိုတို့ဖြေးဖြေးချင်းသွားကြတာပေါ့ ဗိုလ်မှုးလေးရယ် မလောပါနဲ့...."

You've reached the end of published parts.

⏰ Last updated: Apr 28 ⏰

Add this story to your Library to get notified about new parts!

🔞ရှေးခေတ်ဆီသို့🔞Where stories live. Discover now