Bae Joohyun ကယ်ပါ!
နင့်ရည်းစားရဲ့ကောင်မလေးက အရမ်းကို
သဘောကောင်းနေတယ်

အိမ်အောက်ထပ်ဆင်းလာတော့
ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ
‌ပက်လက်လန်၍ ဂိမ်းဆော့နေသော
လူကြောင့် Jennie
မျက်မှောင်ကြုံ့သွားသည် ။

သူက Jennie ကို မြင်မှာမဟုတ်
လောက်ဘူး ။

ဒီKim Jisoo က ဘယ်လိုဖြစ်ပြီး
ဒီအိမ်မှာ ရှိနေရတာလဲ ။ ‌အိမ်အထိ
လာနေတယ့်အဆင့်ဆို တော်တော်လေး
အ‌ခြေအနေဆိုးနေပြီ ။ သူငယ်ချင်း
Joohyun ကိုပဲ သနားမိသွားတယ် ။
ပြီးတော့ အေးအေးလူလူ ရှိနေတယ့်
Kim Jisoo ကိုလည်း
ဒေါသထွက်သည် ။

" မှာထားတယ့် Cake ဝယ်လာလားဟင် "

သူမဘေးက Yujin က Kim Jisoo
အားလှမ်းမေးသည် ။ စကားပြောပုံ
ကြည့်ရတာ အတော်လေးကို
ပေါ့ပေါ့ပါးပါး ရှိနေကြသည့် ပုံစံ ။

" အင်း...ရေခဲသေတ္တာထဲမှာ
ထည့်ထားတယ် "

Kim Jisoo ကတစ်ချက်တောင် လှည့်
မကြည့်ပဲ ပြောသည် ။ အဲ့နောက်
သူမတို့အိမ်ထဲက ထွက်လာခဲ့သည် ။
Yujin တို့ခြံထဲက ထွက်လာပြီး
သူမရဲ့ကားပေါ်ရောက်ကာမှ
Kim Jisooကို ပါးစပ်ကနေ
တရစပ် ကျိန်ဆဲပစ်လိုက်မိတော့သည် ။

_

Yujin ရေခဲသေတ္တာထဲက
Cake ကို ယူပြီး Jisoo ရှိရာ ဧည့်ခန်းထဲ
ယူလာပြီး စားဖို့ပြင်သည် ။

" စားအုံးမလား..."

" ဟင့်အင်း...အပြင်မှာ စားခဲ့ပြီးပြီ "

Jisoo စကားကြောင့် Yujin
မျက်မှောင်ကြုံ့သွားပြီး

" တစ်ယောက်တည်း ရှိတယ့်
ညီမလေးကိုကျတော့
အမြဲပစ်ထားတယ်နော် ။ ညစာလေးတော့ အတူတူစားပေးမယ် မရှိဘူး "

" ဘယ်သူက Cake နဲ့ ညစာစားမှာလဲ "

"Kim Jisoo ရဲ့ ညီမ Kim Yujin လေ "

သူမပြောတာကို တစ်ချက်ရယ်ပြီး
ဂိမ်းဆော့မပျက်တယ့် အစ်မဖြစ်သူကို
ဘေးနားက ခေါင်းအုံးနဲ့ ပစ်ပေါက်လိုက်
သည် ။ Jisoo ကြည့်ရတာ အလုပ်မရှိ
အကိုင်မရှိပုံစံနဲ့တူပေမယ့်
အမြဲတမ်း အလုပ်ရှုပ်နေတယ့်
လူလေ ။

Let me Love you Where stories live. Discover now