အရှေ့က ကောင်မလေးကို
ကြည့်တော့လည်း တကယ့်‌
အလှပဂေးလေး ။ ဖော်ရွေမယ့်
ပုံလည်းပေါ်တယ် ။
အိမ်ကလည်း ချမ်းသာတယ် ။
အစစအရာရာပြည့်စုံနေတယ့် ပုံပေါ်နေရဲ့
သားနဲ့ ဘာလို့ သူများရည်းစားနဲ့
ခြေရှုပ်နေရတာလဲ ။ သိပဲမသိတာလား ။

ပြီးတော့ Kim Jisooက
အထက်တန်းနောက်ဆုံးနှစ်
ကျောင်းသူနဲ့ ခြေရှုပ်နေတာလား ။
တကယ့်ကို စိတ်ပျက်စရာကောင်းတယ့်
လူပဲ ။

ကောင်မလေးက သူမကို
အပြုံးတွေ ဖောဖောသီသီပေးနေတာမို့
ခေါင်းထဲက အတွေးတွေကို
တွန်းထုတ်ပြီး ပြန်ပြုံးပြလိုက်ရတယ် ။

" Kim Yujin ပါရှင့် "

" Kim Jennie ပါ...။ ဒီက
ကျောင်းသူကို Guide လုပ်ပေးမယ့်
သူပါ..."

သူမ အတွေးတွေကို
ရှင်းထုတ်ပစ်လိုက်တယ် ။ သူမ
ဒီလို ရောက်လာတာ စာသင်ပေးဖို့လေ ။
တခြားကိစ္စတွေ အတွေးများမနေသင့်ဘူး ။ ကျန်တယ့်ကိစ္စတွေက နောင်ခါလာမှ
နောင်ခါရှင်းပေါ့ ။

ရောက်လာပြီးကာခါမှ
တော့ စာတော့သင်ရမှာပေါ့ ။
သူမ သင်ရမယ့် ‌ကျောင်းသူက
သူမသူငယ်ချင်းရဲ့
ရည်းစားနဲ့ ခြေရှုပ်‌ နေတယ်ဆိုတယ့်
အသိကလည်း နည်းနည်းတော့
နေရခက်တယ် ။

ဒါပေမယ့် သူမရှေ့က ကျောင်းသူကို
စာသင်ပေးဖို့ပဲ အာရုံစိုက်လိုက်တယ် ။

ကျောင်းသူကတော်တော်လေး
ဖော်ရွေတယ် ။ ဒါကြောင့် Jennie ပိုစိတ်ညစ်ရသည် ။ ဇာတ်ကားတွေကလို
အကြောတင်းတင်း မောက်မောက်မာမာ သူဌေးသမီး ဖြစ်နေတာမှ
ပိုကောင်းအုံးမယ်လို့ Jennie
တွေးမိတယ် ။

အခုလို‌ဆိုတော့ ဘယ်သူ့ကို အပြစ်တင်လို့အပြစ်တင်ရမှန်း
မသိတော့လေ ။ အကုန်လုံးက
ဟို Kim Jisoo ရဲ့ အမှားပဲ ။
Jennie စိတ်ထဲကနေ သူ့ကိုပဲ
အကြိမ်ကြိမ်ခါခါ
ကြိမ်ဆဲနေမိတော့သည် ။

စာသင်ပြီးလို့ စာကြည့်ခန်းထဲက
ထွက်လာတော့ ဘေးနားက ကျောင်းသူ
Yujin က သူမရဲ့ လက်ဆွဲအိတ်ကို
ဆွဲပေး၍ လိုက်‌ပို့ပေးသည် ။
အဲ့လောက်ထိလုပ်ဖို့ မလိုပေမယ့်လည်း
အဲ့လောက်ထိ ယဉ်ကျေးပြီး
သဘောကောင်း နေတယ့်
ကျောင်းသူကြောင့် စိတ်ထဲက
Joohyun ကိုပဲ တမိတော့တယ် ။

Let me Love you Where stories live. Discover now