"ဘယ်ဒိတ်က ဒီလိုလုပ်လို့လဲ..."

"ငါလုပ်တယ်ကွာ..."

"ရှင်တော့ တရားစွဲခံရတော့မယ်..."

သူက သူမနှုတ်ခမ်းကို ဖွဖွနမ်းကာ...

"ကိုယ်ပိုင်တဲ့ မိန်းမကို ကျူးလွန်တာ ဘယ်သူကတရားစွဲမှာလဲကွာ"

"ကျွန်မလေ! လင်မယားဆိုပေမဲ့ ဥပဒေအရ အလိုမတူဘဲ အနိုင်ကျင့်ရင်လည်း မုဒိန်းမှုမြှောက်တယ် "

"ကိုကို အနိုင်ကျင့်ပါတယ်လို့ ဘာနဲ့သက်သေပြမှာလဲ ကိုကိုအမှတ်အသားပေးတဲ့နေရာက ဖော်ပြလို့ရတဲ့နေရာမဟုတ်တာကို!...Lawကျောင်းသူကြီးရဲ့"

သူ့စကားကြောင့် သူမကိုယ့်ကိုကိုယ်ငုံ့ကြည့်မိသွား၏။

"ကိုကိုနော်!..."

နားနားကပ်အော်လိုက်တော့ သူရယ်သည်။

"အိုး နားကိုအူသွားတာပဲ "

"နှာဘူး..."

"ဪ ကိုယ့်မိန်းမကို ဘူးတာပဲ..."

"တခြားမိန်းမတွေကိုလည်း ဒီလိုတည့်ပြောတာပဲလား..."

"မပြောပါဘူး ကိုကိုမှ တခြားမိန်းမနဲ့မယူဖူးတာ...သဲလေးယူဖူးရင်တော့မသိဘူး "

"တော်ပြီ တော်ပြီ!...မပြောတော့ဘူး "

"ဒါဆို သဘောတူတယ်လို့မှတ်လိုက်ပြီနော်..."

"အင်း အပြင်မှာ ဒိတ်လုပ်မယ်!..."

သူက မျက်ခုံးပင့်ကာ ကြည့်လာသည်။ အနှစ်ခေါင်းငြိမ့်ပြတော့မှ လူကိုချပေးတော့သည်။

ကိုကိုကချစ်တယ်လို့ပြောလာပြီးနောက်မှာ သူမစိတ်ထဲက အခြေအနေကွာဟမှုတို့သည် အဝေးသို့လွှင့်ထွက်သွားကုန်ကြသည်။ ကိုကိုက သူမစိတ်ကို လုံခြုံစေပြီး သူမက လှလို့ချောလို့ချစ်တာမဟုတ်ဘဲ သူမမို့လို့ချစ်တာဟူ၍ အမြဲသက်သေပြလာ၍ဖြစ်သည်။

တစ်ကယ်ချစ်မိသွားကြတော့ မာနပြိုင်တဲ့ဂိမ်းကို မေ့သွားကြသည်။

ဒီအကြောင်းကို ပထမဆုံးကျောင်းဖွင့်ရက် ကိုကိုမလာသေးခင် မွန်လေးကို ပြောပြမိသည်။

"အဲ့တော့ နင်တို့တစ်ယောက်ကိုတစ်ယောက်ချစ်သွားကြတယ်ပေါ့"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now