"ကိုကိုဘယ်တုန်းက အနိုင်ယူလို့လဲ..."

ကြည့်! သူ့အမှားကိုပြောလိုက်တာနဲ့မျက်နှာက ချက်ချင်းမှုန်ကုတ်သွားတာ။ သူအနိုင်ယူတာ တစ်ခု၊နှစ်ခုလည်းမဟုတ်။ အရာအားလုံးကို သူ့စိတ်နဲ့လုပ်နေတာ။ မနက်ထတာကနေစ အိပ်ယာဝင်သည်ထိအဆုံးပဲကို။ ဟိုဟာမလုပ်ရ၊ ဒါမကိုင်ရ၊ ရေကိုအကြာကြီးမချိုးရနဲ့ စည်းကမ်းချက်တွေများလိုက်တာမှ။

"ပြောလေ သဲလေး...ကိုကိုဘာကိုအနိုင်ယူတာလဲလို့..."

"ဒါဆို ကိုကို မနေ့ညက အနှစ်ကိုမထိနဲ့လို့ပြောတာကို ဘာလို့လာထိလဲ...စကားနား‌မထောင်ဘဲ ဖြစ်ချင်တာရအောင်လုပ်သွားတဲ့ ကိုကိုက အနိုင်ယူတာမဟုတ်လို့ဘာလဲ"

ဒါတောင်မနေ့ကအကြောင်းပဲနော်။ ရေချိုးရင် ဘယ်နှနာရီပဲကြာရမယ်၊ အပြင်သွားချင်ရင် ကိုကိုမပါဘဲ မသွားနဲ့ဆိုပြီး နေရာတကာလိုက်ပြောနေတာတွေမပါသေးဘူး။

"ဒါက အနိုင်ယူတာမဟုတ်ဘူး ချစ်တာ...သဲလေးကိုချစ်လို့ ဖက်အိပ်ချင်တာ အနိုင်ယူတာမှမဟုတ်တာကွာ"

"ကြည့်ပါလား ဘယ်တော့မှဝန်မခံဘူး...ကိုကိုအပြင်သွားချင်ရင် သွား...အနှစ်မလိုက်ဘူး အနှစ်အလုပ်ရှုပ်နေတယ် သွား..."

အနှစ် သူ့ကိုအတင်းတွန်းလွှတ်ကာ သွားခိုင်းတော့ ခဏက မျက်နှာထားထက်ပိုပြီးမှုန်ကုတ်လာသည့်သူ။

"မသွားဘူး မင်းလည်းအလုပ်မလုပ်ရဘူး..."

သူက လျင်မြန်သော ခြေလှမ်းဖြင့် အနားကပ်လာကာ အနှစ်ကိုပွေ့ချီပြစ်သည်။

"ဘာလုပ်တာလဲ!.."

"မင်းပြော‌တာ ငါကဆိုးတယ်ဆို မင်းကပိုဆိုးတယ် သက်သေပြမယ်"

"ဘာကိုလဲ..."

"အိပ်ယာထဲက ကိစ္စလေ...ဒီလိုဖြစ်အောင် ငါလုပ်တာမဟုတ်ဘူး မင်းကဆွဲဆောင်တာ"

အံ့ဩစရာ။ သူမကပဲ ဆွဲဆောင်တယ်ဖြစ်ရသေးတယ်။ သူ့ဘာသာ အမြဲတမ်းနှာတွေးတွေးနေပြီးတော့...

"ရှင် ချပေး!...ကိုကို ချပေးတော့လို့ အနှစ်စာအုပ်စင်ရှင်းနေတာ..."

"မရဘူး အပြင်မထွက်ချင်ရင် အိမ်ထဲမှာ ဒိတ်မယ်..."

ပြောပြီးသည်နှင့် မျက်နှာက အနှစ်နားတိုးကပ်လာလျှင်...

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now