အခန်း ၄၆ ။ မိသားစုတာဝန်

Start from the beginning
                                    

"မင်းတို့တွေပဲ၊ မင်းတို့ ဆေးလုံးတွေကို ဘာလုပ်လိုက်တာလဲ"

သူ့တစ်မျက်နှာလုံးက ဒေါသကြောင့် ရှုံ့မဲ့စပြုလာတယ်။ မျက်လုံးတွေက အမျက်တွေနဲ့ ပြည့်နေလို့ သူက သူတို့အရေပြားကို ဆွဲဖြဲချင်နေတဲ့ပုံစံနဲ့။

သုံးယောက်သားကတော့ တိတ်နေဆဲ။

မင်းဟာမင်း ဒိတ်လွန်နေတဲ့ ဆေးလုံးစားတာလေ။ ခုကျ ငါတို့ကို အပြစ်တင်နေတယ်လား။

ချင်းယီရဲ့ ဒေါသတကြီးစိုက်ကြည့်မှုက ကူယွဲ့အပေါ် အာရုံရောက်သွားခဲ့တယ်။ သူက တစ်စုံတစ်ရာကို နားလည်သွားသလိုမျိုး မျက်လုံးတွေက ရုတ်တရက် ပြတ်သားမှုတစ်မျိုး ရောင်ပြန်ဟပ်သွားပြီး နောက်တော့ လောဘအရောင် ထင်ဟပ်လာတယ်။

"အော်ဟုတ်သားပဲ၊ အပင်ဝိညာဉ်... မင်းတို့မှာ အရွက်တစ်ထောင် အပင်ဝိညာဉ်ရှိသေးတာပဲ၊ အဲဒါနဲ့ဆို ငါ မသေမျိုးဖွဲ့စည်းမှုဆေးလုံး ဖန်တီးလို့ရနိုင်တယ်"

မသေမျိုးဖွဲ့စည်းမှုဆေးလုံးရဲ့ ဆေးဖော်နည်းက ထျန်းလန်လောကမှာ လျှို့ဝှက်ချက်တော့မဟုတ်ဘူး။ သုံးတာရှားရုံက လိုအပ်တဲ့အရသာဟာ သာမန်ဝိညာဉ်ဆေးဖက်ဝင်အပင်မဟုတ်လို့ပဲ — လိုအပ်တာက အမတဆေးဖက်ဝင်အပင်တဲ့။ အမတဆေးဖက်ဝင်အပင်တွေကို ထျန်းလန်လောကမှာ ရှာလို့မရ‌တာမို့ ချင်းယီပထမဆုံးတွေးမိခဲ့တာက မသေမျိုးမျှော်နန်းထဲက ဆေးလုံးသိုလှောင်ရုံပဲ။

သူ နားမလည်ခဲ့တာက အရွက်တစ်ထောင်အပင်ဝိညာဉ်က အနီးအနားက ဝိညာဉ်နဲ့ အမတဆေးဖက်ဝင်အပင်တွေကို အာရုံခံနိုင်တယ်ဆိုတာပဲ။ အရွက်တစ်ထောင်အပင်ဝိညာဉ်က သူရှာနေတဲ့အရာရအောင် အတိအကျ ကူညီပေးနိုင်တယ်။

"ငါ့ကို အရွက်တစ်ထောင်အပင်ဝိညာဉ်ပေးစမ်း"

ရုတ်တရက်ကြီး ချင်းယီက လှည့်သွားပြီး ငရဲမီးနဂါးကို ထုတ်လာတယ်။ တောက်လောင်နေတဲ့အလင်းရောင်က တစ်ခန်းလုံးကိုပြည့်သွားပြီး ‌သိုလှောင်ရုံထဲက ဆေးလုံးတွေအားလုံး မီးတောက်တွေထဲ အစိတ်စိတ်အမြွှာမြွှာဖြစ်ကုန်တယ်။

ကူယွဲ့ အလိုလို သူ့ရဲ့ ခုခံခြင်း အကာအရံကို ဆင့်ခေါ်လိုက်တယ်။ ရှန်းရင် မျက်မှောင်ကြုတ်လိုက်ချိန် ယိချင်းကတော့ ရှေ့တက်ပြီး ဓားကိုဝှေ့ယမ်းနေတာပဲ။ ယိချင်းကိုယ်ကို ဝိုင်းနေတဲ့ ဓားချီက ပွင့်ထွက်သွားပြီး အားကောင်းတဲ့ ဓားတစ်ချောင်းအဖြစ် ဖြစ်ပေါ်လာတယ်။ ယိချင်း အဲဓားကိုသုံးပြီး ငရဲမီးနဂါးကိုယ်ကို နှစ်ခြမ်းပိုင်းချလိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now