"သူကကျ P'ဒေး!...သူက P'နိုင် နှစ်ယောက်ကကျ ထိုင်းမြန်မာကပြား...သူက လီနာ...သူကကျ ဖိလစ်ပိုင်က မြန်မာစကားကို သဘောကျလို့ သင်ထားတာ..."

"ဪ ဟုတ်ကဲ့ အနှစ်သာရပါ...အနှစ်လို့ခေါ်လို့ရပါတယ်"

"ခေါ်မှာ အနှစ်လာထိုင် လီနာနားလာ..."

မြန်မာစကားပြောတာမပီတပီနဲ့အနားလာဖို့ခေါ်သည့် လှပသည့်ကောင်မလေး။ အနှစ်ခေါင်းငြိမ့်လိုက်ပြီး လီနာဘေးမှာ ထိုင်လိုက်ပါသည်။

"ငါတို့က ကျောင်းမှာအရင်းနှီးဆုံးပဲ အခုလည်း မကြာမကြာတွေ့ဖြစ်ကြပါတယ် စက်ဝန်းနဲ့ကလွဲလို့ပေါ့ မြန်မာအလှလေးက ဆွဲခေါ်သွားတယ်လေ..."

"ဟင်း ဟင်း..."

အနှစ်ရယ်သာရယ်ဖြစ်သည်။ ဘာမှမပြောနိုင်။ ဘာပြောရမှန်းလည်းမသိ။ သူကလည်း ဘာမှမပြောဘဲ ဒီတိုင်းလွှတ်ထားသည်။

နောက်ဆုံးတော့ သူ့သူငယ်ချင်းတွေ သူမကိုလက်လျှော့သွားပါသည်။ ကဖို့ထွက်သွားကြသည်။ သေချာပေါက် သူမကိုပါခေါ်ပေမဲ့ မလိုက်တာကြောင့် သူမတစ်ယောက်တည်းခုံမှထိုင်ကျန်နေခဲ့သည်။

သူ့သူငယ်ချင်းတွေက အရမ်းဟော့လွန်းသည်။ မိန်းကလေးတင်မဟုတ်။ ယောက်ျားလေးတွေကစ ဟော့လွန်းတာဖြစ်သည်။ တစ်ကယ်ဆို သူတို့တစ်ဖွဲ့လုံးဟော့တာ။ သူအပါအဝင်ပေါ့။ အခုလည်း ဘား‌လာတာကို ပြင်လာသေးသည်။ ဆံပင်ကိုမညှပ်ပဲ မျက်ခုံးဖုံးသည်အထိ အရှည်ထားသည်။ ဆံပင်မွှေးတွေက မဆူးဘူးလားမသိ။ သူမကတော့ အူယားသည်။

အင်္ကျီကိုလည်း လက်မောင်းတွေပြချင်ရင် အတိုဝတ်လာလေ။ ဘာလို့လက်ရှည်ကိုမှ ခေါက်တင်ထားတာလဲ။ ဒါပေမဲ့လည်း ဘာဝတ်ဝတ်စတိုင်ကျနေတတ်တာက သူ့ရဲ့မွေးရာပါကျွမ်းကျင်မှု။ အင်းလေ သူက လူချောပဲဟာ။

သူ့ကိုပဲ ကြည့်နေရင်းမှ ကောင်မလေးတစ်ယောက်က သူ့ကိုဖက်လိုက်တာပါမြင်လိုက်ရသည်။ သူလည်း အံ့ဩသွားပုံပင်။ ပြန်ဖက်ထားသည်။

အနှစ်ရင်ထဲ လှိုင်းခတ်သွားခဲ့သည်။ သူနဲ့ပတ်သတ်ရင် ရင်ခုန်တာပဲရှိခဲ့တာ။ ရွှေရည်သွန်းနဲ့တုန်းကထက်ဆိုးတဲ့ခံစားချက်မျိုး။ ဒါပေမဲ့ အနှစ်သာရက တည်ငြိမ်ပါသည်။ ပုံစံပျက်သွားတာမျိုးမဖြစ်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now