သူ့အမေးကြောင့် ခဏက အမူအရာကပျောက်ကွယ်သွားကာ...

"ရှင်မစော်ကားနဲ့နော် ကျွန်မကဘာဖြစ်လို့ အိပ်ရမှာလဲ"

"မင်း ငါ့ကိုတောင် အဲ့လိုပြောသေးတာပဲ "

"တွဲတဲ့သူတိုင်းတော့ အိပ်စရာလား...ရှင့်လိုမှတ်မနေနဲ့..."

"လင်မယားချင်းကို အမှတ်ယူမနေပါနဲ့ အသွင်တူလို့အိမ်သူဖြစ်တာ...အတူတူပဲ"

"ရှင်နဲ့မတူချင်ပါဘူး ကျွန်မတို့လက်မထပ်ခင်က ရှင့်မှာချစ်သူတွေများတာပဲ ကျွန်မက မများဘူး"

တစ်ကယ်က မများတာမဟုတ်ဘူး။ ရှိကိုမရှိဘူးတာ။ အချစ်ဦးတွေဘာတွေဆိုတာ တစ်ခုမှမရှိ။ သူမက သူနဲ့ကျမှ ပထမဆုံးဆိုတာသိရင် မာန်တက်နေမှာဆိုးလို့မပြောတာ။

"တော်တော့ ညဘက်ထိတော့ မင်းနဲ့စကားနိုင်လုဖို့အဆင်မပြေဘူး!..."

"ရှင်ဘာလုပ်ဖို့ကြံနေတာလဲ..."

သူက သူမကိုပွေ့ချီလိုက်တာကြောင့် အလန့်တကြားဖြစ်ကာ မေးလိုက်မိ၏။

"ဟ မင်းမှလေ့ကျင့်ခန်းမလုပ်ချင်တာ ဒီတော့ ငါကကူညီရမှာပေါ့ ငါ မငြင်းဘူးနော် ဒါမျိုးဆို စိတ်လိုလက်ရကိုကူညီ‌ပေးမှာ"

သူက သူမကို အိပ်ယာပေါ်ချပေးရင်းမှ ပြောသည်။ သူမ သူ့ကိုအတင်းတွန်းဖယ်ပြစ်ရင်း...

"သေလိုက်လေ အရူးရဲ့ ဖယ်ပေး...ကျွန်မလေ့ကျင့်ခန်းပဲလုပ်မယ်"

"မရတော့ဘူး မင်းက ငါ့လက်ထဲရောက်နေပြီ နောက်ဆုတ်လို့မရတော့ဘူး"

သူမလက်မခံဘဲ ဘေးနားရှိသမျှခေါင်းအုံးတို့နဲ့ကောက်ပေါက်တော့ ရယ်နေသည်။ ပြီးနောက် သူမလက်တွေကို ချုပ်ကိုင်လိုက်ကာ...

"ခွင့်ပြုတယ်မလား..."

အနားကပ်လာပြီး မေးသေးသည်။ မျက်နှာက မချိုမချဉ်ရုပ်နဲ့ သူနဲ့လုံးဝမလိုက်ဖက်။ မုန်းစရာကောင်းလှသည်။

"ဟင့်အင်း ကျွန်မပြေးပါမယ်ဆို..."

"မရတော့ဘူး အခုမှတော့ "

"ရှင်အတော်နှာထနေတာပဲ..."

"ဟုတ်တယ် မင်းနဲ့မှ..."

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Wo Geschichten leben. Entdecke jetzt