စိတ်မရှည်တော့တဲ့သူဟာ လာကြိုမယ့်သူကို မစောင့်ဖို့ပဲ ဆုံးဖြတ်ချက် ချလိုက်သည်။
❝ရှုပ်ပါတယ် ကိုယ့်ဟာကိုပဲ မေးမြန်းပြီးသွားတော့မယ်❞
သူဟာ ပါလာတဲ့ တစ်ခုတည်းသော အိတ်ကိုလွယ်ရင်း ကားဝန်းထဲက ထွက်ရန်ပြင်သည်။
လမ်းလည်း ဆက်မလျှောက်နိုင်တော့တာမို့ဆိုင်ကယ်ငှားရန်သာ တွေးလိုက်မိသည်။❝ဆိုင်ကယ် အားလားဗျ❞
❝အားပါတယ် သခင်လေး ဘယ်ကိုလိုက်ပို့ရမလဲဗျ❞
❝ဟို...နယ်အုပ်ကြီး Nat တို့အိမ်ကိုပို့ပေးလို့ရလားဗျ❞
❝ဝိုးး အုပ်ကြီးရဲ့ ဧည့်သည်ပဲ ရပါတယ်ဗျ!
လာတတ်ပါ❞Gemini ဟာ အားရဝမ်းသာနှင့် ဆိုင်ကယ်နောက်လိုက်ပါလာလိုက်သည်။
❝ကျွန်တော့်နာမည်က Sin ပါဗျ! ဒီက သခင်လေးက ဒီကိုလာလည်တာလား❞
သဘောမနောကောင်းလွန်းလှတဲ့ နယ်ခံသားတွေပီပီ ဆိုင်ကယ် ပေါ်ရောက်သည်နှင့် Gemini ကိုစကား စ,သည်။
❝ ကျွန်တော် နာမည်က Gemini ပါဗျ! သခင်လေးလို့ မခေါ်လည်းရပါတယ်❞
❝ဗျာ! ဘာပြောတာလဲ သခင်လေး
ကျွန်တော်မကြားရလို့ ကျယ်ကျယ်လေး ပြောပေးပါလား❞ဆိုင်ကယ်သံနှင့် လေတိုးသံတို့ကြောင့် Gemini တစ်ယောက် သူ့နာမည်ကို ပင် အသံတွေ ဝင်သွားတဲ့ အထိအော် ;ပြောလိုက်ရသည်။
❝Gemini ဗျ!Gemini❞
❝ဗျာ Gunလား? သခင်လေး❞
❝သခင်လေးမဟုတ်ဘူးဗျ!❞
❝ဗျာ!❞
❝G E M I N I ပါဗျ! သ ခင် လေး လို့ မခေါ် ပါ နဲ့ လို့ ပြော တာ ကြား ရ ပြီ လား ဗျ!!!!❞
❝အော်...Geminiလား! အဲ့လောက်ထိ မအော်ပါနဲ့ ကျွန်တော်ကြားရပါတယ်ဗျ!
လိပ်ခေါင်းထွက်အောင် အော်ပြောမှ ကြားရတာကို သူ့ကို ဆရာပြန်စားသွားတဲ့ ဦးလေး Sin ကို Gemini တစ်ယောက် ဘာမှ ပြန်မပြောတော့ပေ။
သူ့ နာမည် အော်ပြောနေရတာနဲ့တင် အမောဆို့နေပြီမို့ ဘာမှထပ်မပြောတော့ပဲ တိတ်တိတ်လေးသာ လိုက်ခဲ့လိုက်တော့သည်။
နောက်မှသိလိုက်ရတာ တစ်ခုက ဦးလေးSin ကနားထိုင်းနေတာတဲ့လေ။