"ရဝေ ကိုယံကို အစ်ကိုတစ်ယောက်လိုချစ်ဖို့ကြိုးစားပါမယ်"
✿............✿...........✿
အနှစ်မျက်လုံးဖွင့်လိုက်သည်နှင့် ပထမဆုံးမြင်လိုက်ရသည်က မျက်နှာကျက်ဖြူဖြူ။ ဘေးကိုမျက်လုံးကစားကြည့်တော့ သူမကို ထိုင်စောင့်နေသည့် စက်ဝန်း။
"နိုးပြီလား..."
"ကျွန်မဘယ်ရောက်နေတာလဲ"
"ဆေးပေးခန်း! နိုးရင် အိမ်ပြန်ရအောင် အိမ်မှာ ပြန်အိပ်ရမယ်...ဆရာမကလည်း ခွင့်ပေးထားတယ် မေမေ့ကလည်း အဲ့လိုလုပ်ဖို့ပြောတယ်"
"ဟိုလူရော..."
"အချုပ်ထဲမှာ စိတ်ချ ငါက အဲ့ကောင်ကို ဂျေးအောင်းရအောင်လုပ်ပေးမှာ"
အနှစ်ဘာမှမပြောဘဲ မျက်လွှာချမိ၏။ သူမ သူ့ရှေ့မှာ အရမ်းအားနည်းသွားမိတာပဲ။ ဒါပေမဲ့လည်း သူမဒုက္ခရောက်တဲ့အချိန် သူတစ်ကယ်ရောက်လာတော့ အရမ်းအားတက်ခဲ့ရတာအမှန်။ မဟုတ်ရင် ထိုလူလက်ထဲ သူမလွှတ်နိုင်မှာမဟုတ်။
"ကျေးဇူးပဲစက်ဝန်း..."
"မလိုပါဘူး အခု ငါတို့အိမ်ပြန်ရအောင် ထနိုင်လား..."
"အင်း"
သူမခေါင်းငြိမ့်လက်ခံသည်နှင့် သူမကိုယ်ကို ဆက်ခနဲ ပွေ့ချီသည်။ လန့်သွားပေမဲ့ သူ့လည်ပင်းကိုတော့ မိအောင်ဖက်နိုင်ခဲ့သည်။
"ကျွန်မလမ်းလျှောက်လည်း အဆင်ပြေတာကို"
"မင်းမပြေပါဘူး အခု မင်းကိုချပေးတာနဲ့ မင်းငါ့ရင်ခွင်ထဲချက်ချင်းပြိုကျလာမှာ"
အနှစ်မျက်လုံးဆီကို တည့်တည့်ကြည့်ကာ ပြောလာသည့် သူက အနှစ်ခန္ဓာကိုယ်အကြောင်းနားလည်ထားပုံပင်။
"ကျွန်မအိမ်အမြန်ပြန်ချင်ပြီ "
စကားဆက်မပြောတော့ဘဲ အိမ်ပြန်ပို့ဖို့သာပြောလိုက်မိသည်။
အနှစ် အခုထိ ကြောက်နေမိတုန်းပဲ။
✿............✿...........✿
ထိုစိတ္တဇလူရဲ့ကျေးဇူးကြောင့် အနှစ် ညဘက်ဖျားသည်။ ထို့ကြောင့် စက်ဝန်းတစ်ညလုံးမအိပ်ရပေ။ သူမကို အဝတ်လဲပေးပြီး ရေပတ်တိုက်ပေးရသည်။ သူမဆေးသောက်ဖို့ရာအတွက် သူပြင်ရသည်။
أنت تقرأ
နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]
عاطفيةစက်ဝန်းအလွန်+အနှစ်သာရ အနှစ်အတွက်တော့ ကိုကိုက အရာအားလုံးရဲ့ပထမ... Start date - Dec 25.2022 End date - May 25.2023
Part(16)
ابدأ من البداية