𝙏𝙧𝙚

305 35 10
                                    

Love is warm.
Love is kind.
Love means slowly losing your mind.

-

"ဒါဘယ်လိုဖြစ်တာလဲ ချာတိတ်"

ပုစွန်ဆီရောင် လွှမ်းသည့် ကောင်းကင်ယံကား ကြွေလွှင့်ခါနီး နေလုံးကြီးအား နှမြောတသစွာပင်။တိမ်ဖြူဖြူတို့က ကျို့တို့ကျဲတဲ ဟိုတစ်စ၊ဒီတစ်စဖြင့်။ကမ်းစပ်နားလေးမယ် စိမ်းဖန့်ဖန့် သစ်ရွက် ခပ်ချွန်ချွန်တို့အား တိကျရှင်းလင်းစွာ ပုံဖော်ပေး​နေတဲ့ ရေပြင်ကျယ်ကျယ်။

လုံးဝ အညိုရင့်သည့် ပင်စည် ခပ်လတ်တတ်ကား အခြေ၌ တစ်ပင်တည်းသာ ပေါက်ဖွားနေသော်လည်း ပင်လယ်၌ကား ကွဲထွက်သွားတဲ့ သစ်ကိုင်းညိုတွေက အများအပြား။

ရေပြင်ကျယ် ရှိရာသို့ အလွန့်အလွန် တိမ်းစောင်းကာ တွဲလောင်းကျနေတဲ့ သစ်ရွက်စိမ်း တို့က သစ်ကိုင်းညိုထံမှ နွယ်ပင်အလား စိမ်းနုရောင် အရိုးတိုင်တွေကို ဖက်တွယ်ထားသည်။ရေပြင်ကျယ်နှင့် ထိတွေ့လုမတက်ပင်။

သစ်သားပြားတို့နှင့် ဆောက်လုပ်ထားသည့် တံတားငယ်တစ်ခုက ဘေးနှစ်ဖက်၌ လက်ရန်းငါ်တို့မရှိပါပဲ ရေပြင်ကျယ်ကို အခြေပြုထားသည်။ ထိုရေပြင်ကျယ်ကား အမှန်ပင် ကြည်ကြည်လင်လင်။

ပင်စည်ညိုအထက်မှ သစ်ရွက်စိမ်းတွေကား အချင်းချင်းပွတ်တိုက်နေကာ ရွက်ခတ်သံသဲ့သဲ့တို့ ထွက်ပေါ်လာစေသည်။မှိုင်းညို့စိုင်းသော တောင်တန်းတွေကြား တဖြည်းဖြည်း နိမ့်ဆင်းသွားနေတဲ့ လိမ္မော်ရောင်နေလုံးကြီး။

နေမင်းကြီးရှိရာ အနောက်အရပ်အား ကျောပေးကာ ရေပြင်ကျယ်တို့နှင့် ဆန့်ကျင်ဘက်မျက်နှာမူလို့ တံတားငယ်၏ ေဘးတစ်ဖက်တစ်ချပ်မှ ခပ်ပုပုခုတ်ထားသည့် ပင်စည်လတ်ပေါ် ခန္ဓာကိုယ်လေး ကြုံ့ကာထိုင်နေသည့် ကဗျာလှလှလေး။

အကြောင်းကား မြေပြင်နှင့် ကပ်လျက်ရှိသည့် ခပ်နုနုမြက်ခင်းစိမ်းတွေပေါ် ဒူးတစ်ဖက်ထောက်လို့ထားတဲ့ လူ၏မျက်ဝန်းညိုတွေကြောင့်။

အတန်ငယ် နီးကပ်နေတဲ့ မျက်ခုံးတန်းညီညီတွေ အောက် စိုးရိမ်ပူပန်နေပုံ မျက်ဝန်းညိုများက
နီရဲနေသည့် ဆောင်းဟွန်းဒူးခေါင်းတစ်နေရာကို စူးစိုက်ကြည့်နေသည်။

𝐒𝐩𝐫𝐢𝐧𝐠'𝐬 𝐒𝐮𝐧𝐬𝐞𝐭Tempat cerita menjadi hidup. Temukan sekarang