"နော် ကိုကြီး ကိုကြီးစက်ဝန်းလည်းခေါ်မယ်မလား..."

"လိုက်ချင်ရင်လိုက်ခဲ့ပေါ့... သဲလေးကတော့ ကိုယ်နဲ့အတူတူသွားမယ် လာ..."

စက်ဝန်းက အနှစ်ပုခုံးကိုဖက်ကာ အရှေ့က အရင်သွားနှင့်၏။ နောက်မှာကျန်ခဲ့သူ ရွှေရည်သွန်းမျက်နှာ ဆူပုတ်နေတော့သည်။

"စားမယ်ဆိုသွားမယ်ညီမလေး!..."

သူရိယဆွဲခေါ်ရာနောက် ရွှေရည်သွန်းပါလာရတော့သည်။

✿⁠............✿⁠...........✿⁠

ကန်တင်း...

"သဲ‌လေး ဒါစား အခုရက်ပိုင်း အားနည်းနေတာဆိုတော့ ကြက်ဥများများစားပေးရတယ် "

စက်ဝန်းက အနှစ်မကြိုက်တဲ့ ကြက်ဥကြော်ကို ပန်းကန်ထဲထည့်ပေးလာသည်။ သူမက ကြက်ဥမကြိုက်တာမဟုတ်။ အနှစ်မကျက်တဲ့ကြက်ဥကို မကြိုက်တာဖြစ်သည်။

သို့သော် သူမက ရှေ့မှာရွှေရည်သွန်းရှိနေတာမို့ ငြင်းမှာမဟုတ်။

"ကျေးဇူးကိုကို!.."

"ကိုကို့ကိုချစ်ရင် အကုန်စားနော် ကိုကိုခွံ့ကျွေးရမလား"

အနှစ် သူ့ကိုအံ့ကြိတ်သံနှင့်တိုးတိုးလေးပြောမိ၏။

"တော်ရုံလုပ်ပါ ရှင်အဲ့လောက်ဂရုစိုက်စရာမလိုဘူး"

"အာ သဲလေးကအရမ်းကြိုက်တယ်လား...ဒါဆို ထပ်မှာပေးရမလား ဖျော်ရည်ရောသောက်ဦးမလား"

"ဟင်းဟင်း တော်ပါပြီ ကိုကိုစားချင်ရင်တော့မှာလေ"

"အိုခေ..."

ထင်ရှားနဲ့မွန်လေးကတော့ သူမတို့အတွဲကိုကြည့်ပြီး ထပြေးချင်စိတ်ပေါက်နေမှာအမှန်ပင်။ ဒါက တမင်ဟန်ဆောင်နေတာမှန်း သိသာနေတာကို ရှေ့ကမောင်နှမနှစ်ယောက်ယုံနေကြတာ အံ့ဩပါဘိ။

"ကိုသူရိယနဲ့ညီမလေးက မောင်နှမတွေဆိုတာအခုမှသိတာပဲ "

"အင်း ကိုယ်လည်းမကြုံလို့မပြောဖြစ်တာ...သိတဲ့အတိုင်း ကိုယ်တို့ကသိပ်မတွေ့ရဘူးလေ ပြီးတော့ အသွန်းနဲ့အနှစ်တို့သိနေမယ်ဆိုတာလည်း မထင်မိဘူး"

"ဟုတ်တယ်နော်...အနှစ်တို့သိပ်မှမတွေ့ဖြစ်ကြတာ ကိုသူရိယလည်း အလုပ်ရှုပ်နေမှာပဲ"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now