အပိုင်း (၁၈/u)

Depuis le début
                                    

" ဟင် ထပ်သွားဦးမလို့လား "

" ညနေမစောင်းခင်တော့ ကျုပ်ပြန်လာပါ့မယ်။ အိမ်မှာနေပြီး ကျုပ်ကိုဘယ်လောက်ထိ ချစ်လဲ‌ဆိုတာ ထိုင်စဉ်းစားနေ "

" ဂရုစိုက်သွားနော် ဒါလင် "

ဘာတွေလုပ်နေတာလဲဟု မြ တစ်ခွန်းမမေးမိပါ။ မြ့လူကို မြ အပြည့်အဝ ယုံကြည်သည်။ အကောင်းဆုံးဆိုတာတွေပဲ ဖြစ်လာဖို့ အများကြီးကြိုးစားနေတာကိုလည်း မြ သိပါ၏။ ထို့ကြောင့် ကျန်းမာရေးစိတ်ပူရုံကလွဲပြီး မြ အထွန့်တက်စကားမဆိုမိခြင်းဖြစ်သည်။

ဦးမင်းပိုင်တစ်ယောက် ဘယ်လိုစိတ်နဲ့မှ အေးဆေးမနေနိုင်တော့ပေ။ ထို့ကြောင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးနည်းဖြင့် ပြန်လာရ၏။

" ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး အစည်းအဝေးခေါ်တာတုန်း "

" ကျွန်တော်လည်း သေချာမသိပါဘူး။ အတွင်းသတင်း ကြားရသလောက်ဆို ဥက္ကဌအသစ် ရွေးချယ်ဖို့ပါတဲ့ "

ဦးမင်းပိုင်ထံမှ တောက်ခေါက်သံတစ်ချက်အား ကြောက်လန့်ဖွယ်ရာ ကြားလိုက်ရ၏။ မျက်နှာတစ်ခုလုံး နီရဲနေပုံမှာ မည်မျှဒေါသထွက်နေကြောင်း သိသာစေလေသည်။

" ငါတစ်ယောက်လုံးရှိနေတာကိုတောင် ဘယ်အသစ်ကို ရွေးချင်နေကြတာလဲ "

" အစည်းအဝေးစတော့မှာမို့ ကျွန်တော်တို့ အခုသွားဖို့လိုပါတယ် သခင်ကြီး "

" အေး သွားမယ်။ ရှင်းစရာရှိတာကို အပြတ်ရှင်းရမယ် "

စားပွဲခုံအရှည်ကြီး၏ ထိပ်ဆုံးနေရာ၌ ခပ်တည်တည်ထိုင်နေသော အမျိုးသမီးတစ်ယောက်။ စူးရှသော မျက်ဝန်းတွေဟာ တဖိတ်ဖိတ်တောက်လို့နေ၏။ အပြုံးအရယ်မရှိသော မျက်နှာအနေအထားကြောင့် မည်သူမှ မလှုပ်ရဲကြပေ။ ထိုအမျိုးသမီးက အဲ့သည်လိုမျိုး အရှိန်အဝါကြီးလွန်း၏။

အခန်းထဲဝင်ဝင်ချင်း မြင်လိုက်ရသည့် အနေအထားကို ဦးမင်းပိုင် မယုံနိုင်စွာဖြစ်လို့နေသည်။ ခြေလှမ်းတွေကိုပင် ဆက်လို့မလှမ်းဖြစ်တော့ပဲ ငေးလို့သာ ကြည့်နေမိ၏။

" ကဲ ဦးမင်းပိုင်လည်း ရောက်ပြီဆိုတော့ အစည်းအဝေးစကြတာပေါ့ " ဟူသော စကားသည် ရိုဘင့်ဆီမှသာ။ အချိန်ကာလတစ်ခုအတွင်း ရိုဘင့်ရဲ့ မြန်မာသံ၊ မြန်မာဟန်မှာ အတော်လေးတိုးတက်လာခဲ့ပြီဖြစ်၏။ အနည်းငယ်မျှ ခပ်ဝဲဝဲဖြစ်နေသေးသော်လည်း နားလည်ရမခက်တော့ချေ။

မူပိုင် [အတွဲ တစ်]Où les histoires vivent. Découvrez maintenant