သူက အရမ်းမြန်မြန်ပြေးလိုက်သွားပီး အကြိမ်ပေါင်းများစွာ လှေကားထစ်ကျော်ဆင်းမိလို့ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့တယ်။ သို့သော်လည်း သူက နတ်ဆိုးဝိဥာဉ်ရဲ့အမြန်နှုန်းကို မလိုက်နိုင်သေးပေ။ သူ နောက်ဆုံးအဆင့်ကို ခုန်ဆင်းပြီးတဲ့အချိန်မှာ ဧည့်ခန်းက အလွတ်ကြီး ဖြစ်နေတယ်။ အိမ်သာကို ဦးတည်သွားတဲ့ လမ်းကြောင်းတံခါးက တွန်းဖွင့်ခံထားရပြီး တံခါးက ရှေ့နောက် လှုပ်ရှားကျန်နေခဲ့တယ်။

ရှောင်လီက အရှေ့ကို ပြေးလိုက်သွားတယ်။ သူ့အိတ်ကပ်ထဲမှ ထန်လီ့ဆံပင်က ဆန့်ထွက်လာပြီး တစ်စုံတစ်ခုကို ရစ်ပတ်လိုက်တယ်။ သူက တံခါးကိုဖြတ်ပြေးတော့ မမျှော်လင့်ထားတဲ့လူတစ်ယောက်နဲ့ ဝင်တိုက်မိတယ်။ အဲ့အချိန်မှာပဲ ထန်လီကလည်း သူမရဲ့ဆံပင်ကို ပြန်ဆွဲလိုက်တယ်။ ပုံရိပ်က အရမ်းပေါ့ပါးပြီး ရှောင်လီနှင့်တိုက်မိတာကြောင့် ယိုင်သွားတယ်။ သူမက ကြမ်းပြင်ပေါ်ကျသွားတာကြောင့် ရှောင်လီက လှမ်းဖမ်းလိုက်တယ်။

ရှောင်လီက ပါးစပ်ဖွင့်ဟလိုက်တယ်။ "...ရှောင်တူ"

မိန်းမငယ်လေးက ပန်ရွဲ့ရဲ့ထူးဆန်းတဲ့အပြုံးလိုမျိုးပြုံးပြီး ရှေ့မှာ သွားနေတယ်။ ရှောင်လီက သူမကိုခေါ်လိုက်တဲ့အခါကျမှ အပြုံးကပျောက်ကွယ်သွားပြီး ရုတ်တရက် ညည်းညူတယ်။ တိုက်မိသွားတဲ့သူမပုခုံးကိုပွတ်ကာ လှည့်ကြည့်လာတယ်။
"အကိုဟာကရူးလ်"

ရှောင်လီက မျက်ခုံးပင့်လိုက်တယ်။ "ဘာလို့ ဒီမှာရှိနေတာလဲ?"

ရှောင်တူတစ်ယောက်ထဲဖြစ်ပြီး ကျန်ကျိချန်က ရှိမနေပါဘူး။ မိန်းမငယ်လေးရဲ့မျက်နှာပေါ်မှာ တွေဝေမိန်းမောနေတဲ့အမူအရာပေါ်လာတယ်။
"ကျွန်မ... ဘယ်လိုလုပ်ပြီး အပြင်ရောက်လာတာလဲ? ကျွန်မ၊ အကိုဟာကရူးလ်၊ ကျွန်မ မသိဘူး။ ကျွန်မ မမှတ်မိဘူး..."

သူမနားကိုဖုံးအုပ်ပြီး ခေါင်းငုံ့ကာ ပြင်းပြင်းထန်ထန် တုန်ယင်နေတယ်။

ရှောင်လီက သူမပုခုံးပေါ် လက်တင်လိုက်တယ်။
"မင်း တတိယထပ်ကို သွားသေးလား?"

အေးစက်တဲ့လေက ကော်ရစ်ဒါကိုဖြတ်သန်းလာပြီး ရှောင်တူ့မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်သွားတယ်။
"ဟင့်အင်း။ ကျွန်မ မမှတ်မိဘူး။ အဲ့ဒါ ကျွန်မ မဟုတ်ဘူး။ ကျွန်မ မဟုတ်ဘူး..."

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now