" ဘာလို့လဲ... ဘာလို့ ဟန်ဆောင်ကြင်ရာတော် မဟုတ်တော့တာလဲ "

အထိတ်တလန့် မျက်လုံးတွေနဲ့ မေးလာတဲ့ စျာန်ကြောင့်... အိမ်ရှေ့စံ၏ မျက်ဝန်းတွေက သူငယ်ချင်း မဟော်စျာန်၏ မျက်ဝန်းတွေကို သေချာအကဲခတ်နေ၏။အဲ့နောက်မှာတော့ အိမ်ရှေ့စံသည် လေးနက်သော မျက်ဝန်းတွေဖြင့်
သူငယ်ချင်းကို ကြည့်ကာ...

" ခွန်းတေးအင်္လကာ ကို ငါ့ရဲ့ဘေးမှာ ဟန်ဆောင်သူတစ်ယောက်အဖြစ်နဲ့ ဆက်မထားနိုင်တော့လို့ "

" ဒါဆို ကျွန်တော့် ညီမနဲ့ မင်းသားကို ထိမ်းမြားပေးဖို့ လုပ်နေတာကိုရော ဘယ်လိုလုပ်မှာလဲ။ကြားထဲက မင်းသားကြောင့်နဲ့ ခွန်းတေး ကို ထိခိုက်လာနိုင်တယ်။အဲ့ဒါကိုရော ကြိုတွေးထားပါရဲ့လား မင်းသား "

" ခွန်းတေးအလင်္ကာကို ငါ့အနားမှာ ထားဖို့ ဆုံးဖြတ်ကတည်းက သူမအတွက် ဖြစ်လာနိုင်တဲ့
အကျိုးဆက် အားလုံးကို ကြိုတွေးထားပြီးသားပါ။ခွန်းတေးအလင်္ကာအတွက် မင်း စိတ်မပူလဲ
ရတယ် "

" မင်းသား ကြိုတွေးထားရင် ပြီးတာပါပဲ။ဒါပေမဲ့
တစ်ခုတော့ ကျွန်တော် မင်းသားကိုပြောရပါမယ်
။ခွန်းတေး ကို ကာကွယ်မယ်ဆိုရင်၊အဆုံးထိတိုင်
ကာကွယ်နိုင်အောင် ကာကွယ်ပါ။ခွန်းတေး ကို ထိခိုက်စေမဲ့ ဘယ်သူ့ကိုမှ ကျွန်တော် က အလွတ်ပေးမှာ မဟုတ်ပါဘူး။ခွန်းတေး ကို ထိခိုက်စေမဲ့ သူက မင်းသားဖြစ်နေရင်တောင်မှပေါ့ "

မဟော်စျာန်၏ သတိပေးစကားကြောင့် အိမ်ရှေ့စံသည် နူတ်ခမ်းတစ်ဖက်ကို တွန့်၍ ပြုံးသည်။

" ငါ ခွန်းတေးအလင်္ကာကို သူမရဲ့အုပ်ထိန်းသူဆီကနေပါ နူတ်နဲ့တောင်းလာခဲ့ပြီ၊နောက်ရက်မှာ
သူမအုပ်ထိန်းသူဆီသွားပြီး၊တရားဝင်တောင်းဆိုတော့မှာ "

" မဟုတ်မှ... ဦးဘောဂဆီမှာ ခွန်းတေး ကို တောင်းလာခဲ့တာလား "

" ဟုတ်တယ် "

" မင်းသား တောင်းဆိုတာကို ခွင့်ပြုတယ်လား "

" အင်း... နည်းနည်တော့ ခက်တယ်။ဒါပေမဲ့ အဆင်ပြေခဲ့ပါတယ် "

ဒီပ,စျာန့်ကိုပြောနေရင်းက သူမအဖေနှင့် ပြောခဲ့တာတွေကို ပြန်တွေးမိသွားသည်။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now