ရှီချီ ဆူညံသံတွေကြောင့် နိုးလာခဲ့သည်။

အဝတ်အစားကို ပြင်ဆင်ကာထရပ်ပြီး “ဘွားဘွား” လို့ခေါ်လိုက်သည်။

သူ့ရဲ့ ချစ်ဖို့ကောင်းးတဲ့ လေသံလေးက နင်းမုန်ရဲ့ နှလုံးသားလေးကို ပေါက်ကွဲအောင် လုပ်လိုက်သလိုပင်။

သူမက သူ့ခေါင်းလေးကို ဖွဖွလေး ပွတ်သပ်ပေးလို့နေသည်။  သူက တော်တဲ့ကလေးလို ပြောနေသည်။ နောင်ကျ သူဘယ်လောက်ထိ ဆိုးဝါးမလဲဆိုတာ သူမ ကသိနေပေမဲ့ပေါ့။ 

“ဘွားနဲ့ အောက်ဆင်းရအောင်”

နင်းမုန်က ပြုံးလိုက်တော့သူမ မျက်နှာက အရေးအကြောင်းတွေကလည်း ပိုတိုးလာတော့သည်။

ဒါပေမဲ့လည်း ရှီချီကတော့ သူမကို နည်းနည်းလေးတောင် ငြိုငြင်တာမရှိ။ သူ့အတွေးတွေထဲက ဘယ်လောက်ပဲ နက်ရှိုင်းနေပါစေ သူ့မျက်လုံးထဲမှာတော့ ကြင်နာမှုတွေအပြည့် ဖြစ်သည်။

ဧည့်ခန်းကို လျှောက်ရင်း သူမ မေးလိုက်သည်။ “၁၇ …. မြေး တစ်ခုခုထူးဆန်းတာ မြင်သေးလား”

ရှီချီက သူမ ဆိုလိုချင်တာကိုနားမလည်ပေ။

နင်းမုန်က သူ့လက်ကို ရမ်းပြကာ “မြေးပဲမြင်နိုင်ပြီး တခြားသူတွေမမြင်နိုင်တာမျိုးလေ”

ရှီချီ ခေါင်းခါပြလိုက်သည်။

ဒါပေမဲ့ ထိုအချိန်မှာပဲ တူညီတဲ့ဖြစ်ရပ်မျိုး ပင်မအိမ်မှာလည်း ဖြစ်ခဲ့တာကို သူသတိရလိုက်မိသည်။

သူ ပထမဆုံးအကြိမ် ရောက်လာတုန်းက ဦးလေးက သူ့ကို လေထဲညွှန်ပြပြီး တစ်ခုခုမြင်လားလို့ မေးခဲ့သည်။  သူ ခေါင်းခါပြလိုက်တော့ ဦးလေးကြည့်ရတာ တအားစိတ်ပျက်သွားသလိုပင်။

သူမကလည်း ဒီနေ့ အဲလိုမျိုးပဲလေ

ရှီချီ မနေနိုင်ဘဲ သူ့ အဘွား အမူအရာကို ကြည့်လိုက်သည်။ ပြီးတော့ ထင်ထားသလိုပင်။ သူမမျက်နှာမှာလည်း အနည်းငယ် စိတ်ပျက်နေသလိုပင်။

နင်းမုန်က ကြွက်ပေါက်လေးရဲ့အတွေးကို မသိပေ။ သူမက တစ်ခုခုပြောင်းလဲမလား ထင်နေတာ ဒါပေမဲ့ ရလဒ်ကတော့ ဝတ္ထုထဲကနဲ့ အတူတူပင်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now