စက်ဝန်းအခန်းထဲရောက်တော့ နံရံကိုလက်သီးနဲ့ထိုးချပြစ်သည်။ မနက်က အချစ်ဦး၊ အခုကျ နောက်ယောက်ျားတစ်ယောက်။ အနှစ်သာရဘာဖြစ်ချင်နေတာလဲ။ သူ့ရှေ့မှာ ထိုသူအကြောင်းတွေပြောနေတဲ့အချိန် သူမက ပေါ့ပေါ့‌ပါးပါးပြောနေပေမဲ့ သူကတော့ သဝန်တိုသည်။ သူမကို သူတစ်ယောက်တည်းနဲ့ပဲ ပတ်သတ်စေချင်သည်။

သူ့ကိုကျ ရှင်တွေကျွန်မတွေနဲ့ တခြားသူတွေကျ အနှစ်၊အနှစ်နဲ့ မျက်နှာကရွှင်ပြလို့။ ဒါကိုကြားရ၊မြင်ရတာ သူသဝန်မတိုဘဲနေပါ့မလား။ ပြီးတော့ သူမက သူသဝန်တိုနေတာသိရက်နဲ့ စကားကိုရွှဲ့ပြောသေးသည်။

ကျစ်!...

Ring... Ring

တစ်ယောက်တည်းစိတ်တိုနေချိန် ဖုန်းလာ၍ကြည့်လိုက်တော့ ကိုမင်းထက်ဆီက။ စိတ်ကိုလျှော့ပြီး ဖုန်းကိုင်ရသည်။

"ဟဲလို ကိုမင်းထက်"

"အေး စက်ဝန်း အနှစ်ပြန်ရောက်ပြီလား"

"ရောက်ပြီအစ်ကို ခဏက!.."

"ဪ အေးပါကွာ...ငါသွားကြိုမလို့ကို ဆိုင်က လူများနေလို့ သူရိယကိုလွှတ်လိုက်တာ အဲ့တာပြန်ရောက်ပြီလားလို့လှမ်းမေးတာ အနှစ်ဖုန်းပိတ်ထားလို့ မင်းဆီဆက်လိုက်တာ ပြန်ရောက်ရင်ပြီးတာပဲကွာ"

သူခါးကိုမတ်လိုက်ကာ ကိုမင်းထက်ပြောသည့်စကား‌ကို ပြန်စဉ်းစားနေမိသည်။ အနှစ်က ကိုမင်းထက်ကိုဖုန်းဆက်ခဲ့တာ။ ဟိုလူကိုမဟုတ်ဘူး။

"စက်ဝန်း ငါပြောတာကြားရလား"

"ဟုတ်ကဲ့ ကိုမင်းထက် ကျွန်တော်ကြားပါတယ်"

"အင်းကွာ မင်းတို့နှစ်ယောက်ရန်ဖြစ်ရင်လည်း သေချာဖြေရှင်းကြကွာ အစ်ကိုတို့ကဘေးလူတွေဖြစ်နေပြီမို့ ဝင်ပါဖို့မသင့်ဘူး မင်းတို့ဘာသာပြေလည်အောင် ဖြေရှင်းရမှာ အနှစ်က မင်းအပေါ်နည်းနည်းတော့ အေးစက်စက်ဆက်ဆံလိမ့်မယ် ဒါပေမဲ့ လက်ထပ်တာလက်ခံလိုက်ကတည်းက မင်းတစ်ယောက်တည်းကိုပဲလက်ခံနိုင်တာမို့ လေ့လာတဲ့သဘောမျိုးကွာ ငါ့ညီမအကြောင်းငါသိတယ်...မင်းကပဲ ငါ့ညီမကို နားလည်ပေးပါ "

သူဘာမှပြန်မပြောရသေးခင် အနှစ်အခန်းထဲရောက်လာသည်။ ကြည့်ရတာ သူ့ကိုအချိန်ခဏပေးတာနေမှာ။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now