အုန်းလက်မဏ္ဍပ်လေးသို့ ရောက်ခါနီး၌ ကလေးလေးတွေက နှိုင်းဆီသို့ ရေဖလားကိုယ်ဆီနှင့် အပြေးလာကြပါတော့သည် ။

" မမနှိုင်း လာပြီဟေ့ ။ "

အော်ဟစ်ကြပြီး နှိုင်းကိုရေတွေပက်ကြပါတော့သည် ။ နှိုင်းကလည်း လူငယ်ဖြစ်သည့်အလျောက် ပျော်နေပါတော့သည် ။ ရေလောင်းပြီး ကလေးလေးတွေဟာ အုန်းလက်မဏ္ဍပ်ဆီသို့ ပြန်ဝင်သွားကြပေမယ့် ကလေးလေး ၂ယောက်ကတော့ နှိုင်းအနားမှာ ရှိနေဆဲပါ ။

" မမ ။ တီတီလေးဆီ လာတာလား ။ "

" အေး ဟုတ်တယ် ။ မရှိဘူးလား ။ "

" ရှိတယ် ရှိတယ် ။ အဲ့ကြောင့်ထင်တယ် ။ တီတီလေးက ဒီနေ့ဥပုသ်သွားမစောင့်ဘူး ။ "

" ဟုတ်လား ။ "

" အဲ့ပိတောက်ပန်းတွေက တီတီလေးအတွက်လားဟင် ။ "

" အင်း ဟုတ်တယ် ။ "

မမနွေသင်္ကြန်ရဲ့ တူလေး တူမလေး တွေရဲ့ မေးခွန်းတွေကို နှိုင်းမယ် စိတ်ရှည်စွာဖြေနေရပါသေးသည် ။

ကိုယ့်တူလေး ၊ တူမလေးတွေ ဖြစ်လာမှာဆိုတော့လည်း စိတ်ရှည်ရမယ် မဟုတ်လား ။

အတွေးတွေနဲ့အတူတူ ပြုံးမိရင်း ခြံဝန်းထဲသို့ ဝင်သွားပါတော့သည် ။ ခြံဝန်းထဲသို့ ရောက်သည်နှင့် မမသင်္ကြန်ဟာ ရင်ဖုံးအင်္ကျီဝမ်းဆက်အဖြူရောင်လေးနှင့် သစ်သားခုံလေးပေါ်မှာ ထိုင်ရင်း စားပွဲအရှေ့၌ ကော်ဖီလေးတစ်ခွက်ချကာ စာအုပ်လေးဖတ်နေတော့သည် ။

နှိုင်းမှာ သဘောကျစွာကြည့်ရင်း ပိုလို့ပြုံးမိသွားသည် ။ ပိတောက်ပန်းတွေကိုရင်ဝယ်ပိုက်ထားရင်း မမသင်္ကြန်အနားသို့ အပြေးလေးသွားပြီး ထိုင်လိုက်ပါတော့သည် ။

" မမ ။ "

" အို့ ။ ဘယ်လိုဖြစ်လို့ အတင်းကပ်နေတာလဲ ။ မင်းကရေစိုလာတာနော် ။ တို့ကိုပါ စိုကုန်ပြီ ။ ဟိုဘက်တိုးထိုင် ။ "

" ဟော ကပ်စီးနည်းနေသေးတယ် အပျိုကြီးကလည်း ။ "

" ဘာ ။ ဘာ အပျိုကြီး ။ "

" မှားလို့ မှားလို့ ။ အပျိုလေး ။ အဟက်ဟက် "

" မင်း ။ "

ဒီနှစ်သင်္ကြန် အချစ်တွေ့ပြီWhere stories live. Discover now