Ep 1 (ဝိညာဉ်ဆင့်ခေါ်ခြင်း) Uni & Zawgyi

34 0 0
                                    

ဝိညာဉ်ပြန်လာပြီ ငရဲမသွားလို...တော့.ဘူး.....ဖြစ်လာခဲ့တဲ့နာကျည်း...မှုကို...အဆုံး...သတ်မယ် ဝိညာဉ်ပြန်လာပြီ ...ငရဲကနေပြန်လာပြီ....နာကျည်းမှုကို...အဆုံးသတ်မယ်"

(လမ်းဘေးမှာတုတ်တစ်ချောင်းကိုင်ကာလျှောက်အော်နေသည့်သူကိုအရူး‌ဆိုကာဘယ်သူမှဂရုစိုက်ကျမှာမဟုတ်ပါ တိတ်ဆိတ်ညိမ်သက်နေသည့်"မော့"အိမ်တော်ခြံဘေးပတ်လည်မှလေ‌ေအးများကတစ်ဝှီးဝှီးတိုက်ကာ ထိုသို့ပြောနေခြင်းမှာလဲကြက်သီးထဖွယ်ကောင်းလှသည်)

(ထိုချိန်လေများတစ်ဝှီးဝှီးတိုက်ကာအရူးတစ်ယောက်ကိုင်ထားသည့်တုတ်မှမန္တန်စီချယ်ထားသောအဝတ်စတစ်ခုမှာ"မော့"အိမ်တော်ရဲ့တစ်နေရာသို့ကပ်သွားသည်)

(ရောင်ချယ်ဆေးနီများနှင့်မန္တန်စာရွက်များပြည့်ကျပ်နေသောအခန်းငယ်တစ်ခုတွင်တိတ်ဆိတ်ညိမ်သက်နေသည်)

(အဲ့အခန်းငယ်ရဲ့အောက်ခြေပိုင်းတွင်သွေးတစ်ချို့ဖြင့်မန္တန်ရေးဆွဲထားသေးသည်)

(လေတိုက်သံကလွဲတိတ်ဆိတ်ညိမ်သက်နေသောအခန်းငယ်မှ)

"မော့ရွမ်းယွီ...မော့ရွမ်းယွီ"

ဝေ့ရင်း - ဘယ်သူလဲ ...ဘယ်သူခေါ်နေတာလဲ
(တိတ်တဆိတ်ရေရွက်လိုက်သည်)

(ထိုချိန်မှဖြည်းညင်းစွာလျှောက်လာသောခြေထောက်တစ်စုံ ချပြီးခြေပြန် မ ၍နောက်တစ်လှမ်းလှမ်းလိုက်တိုင်းသွေးစက်များကကျနေလေတော့သည်)

"မော့ရွမ်းယွီ...မော့ရွမ်းယွီ"

ဝေ့ရင်း - မော့ရွမ်းယွီ...မော့ရွမ်းယွီဆိုတာဘယ်သူလဲ

"မော့ရွမ်းယွီဆိုတာမင်းလေ......ငါခက်ခက်ခဲခဲမင်းကိုကယ်ပြီး ပြန်ခေါ်ထားရတာ အခုကစပြီးမင်းက...မော့ရွမ်းယွီဖြစ်သွားပြီ"

ဝေ့ရင်း - မဟုတ်ဘူး!!...ငါမဟုတ်ဘူး ငါက...

"ငါလည်းမတက်နိုင်ဘူး ငါလည်းမင်းကိုကျိန်စာမတိုက်ချင်ပါဘူး ဒါပေမယ့်..
သူတို့ကအနိုင်ကျင့်လွန်းတယ် မင်းငါ့အစားသူတို့ကိုသတ်ပေး မင်းငါ့အစားသူတို့ကိုသတ်ပေးပါ!!!!!!"

"ဝေ့ဝူရှန့် ငါ့ကိုကူပြီးလက်စားချေပေးပါ"

(ဘုတ်!...ဆိုကာမျက်နှာဖုံးတစ်ခု၏ကျသံအပြီးတစ်ခန်းလုံးတိတ်ဆိတ်သွားပြန်သည်)
(ခနအကြာ ဝေ့ဝူရှန့် ကျသွားသည့်မျက်နှာဖုံးကိုဖြည်းညင်းစွာကောက်လိုက်သည်)

My dear devil boyWhere stories live. Discover now