"မသိတော့ဘူးဟာ"
Felix ဟာအရမ်းတွေစိတ်ရှုပ်နေခဲ့တယ်။ထိုအချိန်မှာYongIn ရောက်လာတယ်။
"Hello yongbokie"
"ခဗျားဘာလာလုပ်တာလဲ"
"အိုးတကယ်ကြီး ပြန်မွေးဖွားလာတာဘဲ yongbokie က"
"ဘာတွေလာပြောနေတာလဲ ခဗျားပြောနေတာတွေဘာမှမသိဘူး"
"မသိရင်ပြောပြပေးမှာပေါ့"
"ဘေးဖယ်ပေးပါအုန်း သွားစရာလေးရှိလို့"
"ဟာ မဖယ်ပေးနိုင်ပါဘူး"
"ဖယ်လို့ပြောနေတယ်လေ"
"Yongbokie က ရှားပါးသွေးရှိတာဘဲ"
"ရှားပါးသွေး"
"ဟုတ်တယ်လေ အဲ့တုန်းကအတိုင်းအခုလည်းရှိတာဘဲ အဲ့သွေး အဲ့တာကြောင့် vampire တွေက မင်းကိုလိုချင်ကြတာ"
"ဘာလို့ရှားပါးသွေးကိုလိုချင်ကြတာလဲ"
"အဲ့သွေးကသူတို့ကို အစွမ်းတွေတိုးစေတယ်ပြီးတော့ အဲ့သွေးကိုပိုင်ဆိုင်သွားတဲ့ vampire က ကမ္ဘာကြီးကိုတောင်ဖျက်ဆီးနိုင်စွမ်းရှိသွားတယ် အခုတော့မင်းကငါ့အပိုင်ဘဲ"
_Felix ကို ဖမ်းခေါ်သွားတော့တယ်_
အဲ့တာကိုအစအဆုံး soomin ကမြင်သွားတယ်။တဖက်မှာ_
"တကယ်ကြီးတွဲနေတာလား hyunjin"
"မဟုတ်ဘူး တကယ်တော့ငါကတဖက်သက်ကြိုက်နေတာ"
"Hyunjin အရေးပေါ်"
"ဘာဖြစ်လာတာလဲ soomin"
"Felix ကို YongIn ခေါ်သွားပြီ"
"ဟာ မဖြစ်ဘူး အမြန်လိုက်ရမယ်"
"ဟေ့ hyunjin... ဟိုင်း haejoon ပါ"
"ဟိုင်း soomin လို့ခေါ်ပါတယ်"
Hyunjin ဟာ Felix နောက်ကိုပြေးလိုက်လာတယ်။
.
.
.
"Hyung သူတို့တွေလာနေကြပြီ ကျွန်တော့ကိုထားခဲ့လိုက်တော့ နောက်ဘဝကျရင်ဆက်ဆက်လာရှာရမယ်နော်""ငါမင်းကိုမထားခဲ့နိုင်ဘူး"
"သွားပါတော့ hyung...ချစ်တယ်နော်"
Hyunjin ဟာပြေးသွားခဲ့တယ်။
"Yongbok ကိုထိသွားတာလား မင်းဘယ်လိုတောင်ပစ်လိုက်တာလဲ"
"တောင်းပန်ပါတယ် သခင်လေး YongIn"
"ချီးဘဲ ငါဘယ်လိုပြန်ပြောရမှာလဲဟာ။ vampire သတ်သွားတယ်လို့သာလိမ်လိုက်"
"ဟု..ဟုတ်ကဲ့သခင်လေး"
ထိုအချိန်မှာဘဲ Felix နိုးလားတယ်။
"ကျွန်တော်ကို လွှတ်ပေးပါ""မင်းက ဒီမှာလမပြည့်မချင်းနေရမှာ အဲ့တာကြောင့် ငါကောင်းကောင်းဂရုစိုက်ပေးပါ့မယ်"
"ဘာလို့လပြည့်တဲ့အထိလဲ"
"စွမ်းအင်ရဖို့ဆို လပြည့်နေ့မှာသောက်မှ အစွမ်းတွေရမှာလေ"
ဝုန်း......
"ဟဘာဖြစ်တာလဲ ဟာ hyunjin""ငါပြောခဲ့တယ်လေ သူ့ကိုမထိနဲ့လို့"
"လွှတ်စမ်း"
"မင်းကိုဒီနေ့အသေသတ်ရမှကျေနပ်မှာ"
"မင်းမှား..မှားမယ်နော် မင်းအပြစ်ဒဏ်ခံရနိုင်တယ်"
"အဲ့ဒီ့အပြစ်လောက်ကို ဂရုစိုက်မနေဘူး"
"ငါတောင်းပန်ပါတယ် ငါကိုခိုင်းလို့ငါလုပ်ရတာပါ"
"ဘယ်သူခိုင်းတာလဲ"
"ပြောပြလို့မရဘူး ပြောပြလိုက်ရင်ငါသေမှာပေါ့"
"မပြောရင်လည်းထားလိုက်တော့"
"အားတောင်းပန်ပါတယ်ပြောပြပါ့မယ် ငါလည်းသေချာတော့မသိဘူး ငါတို့ထက်တော့ နှစ်တော်တော်ကြီးတဲ့ vampire ကြီးဆိုတာဘဲသိတယ် မင်း နဲ့ဆိုရင် နှစ်၃၀၀၀လောက်ပိုကြီးတယ်"
ဘုတ်..
"မင်းကိုနောက်တစ်ခါထပ်မြင်ရင် သတ်ပစ်မယ်"
"Yongbokie အဆင်ပြေရဲ့လား""Hyung ကျွန်တော်မှတ်မိပြီ အဖြစ်ပျက်တွေအကုန်လုံး ကျွန်တော့ကို ပြန်လာရှာပေးလို့ကျေးဇူးပါ Hyung"
.
.
.