အခန်း ၄၆

Start from the beginning
                                    

" ရွှေမျက်မှန်ကြီးရော ငွေမျက်မှန်ကြီးရော မရှိဘူး နော် မမကြီး ။ လာရာလမ်းမအတိုင်း တည့်တည့်ပြန်နိုင်ဘီ ။ "

" အို ။ ဟဲ့ ဟဲ့ ။ နေစမ်းပါဦး ။ ဒီအိမ်တော်က သခင်မကြီး ဒေါ်မူချစ်ကို ပြောတာဟေ့ ။ "

" သွားဘီ မမကြီး သွားဘီ ။ စကနေဦးကတည်းက သခင်မကြီးဒေါ်မူချစ် လို့ အပြောကောင်းလိုက်ရင် အကြောင်းလှပြီပဲကို မမကြီးရယ် ။ "

အို ။
အတော်စကားများလိုက်တဲ့ ကုလား ။
တံခါး ဖွင့်စရာရှိတာ ဖွင့်မနေဘူးဟယ် ။

" ကဲ ကဲ ။ အခု သိပြီ မဟုတ်လား ။ ခြံတံခါး အမြန်ဖွင့်တော့ ။ "

" ဟာ မမကြီးနော် ။ သခင်မကြီးနဲ့ တွေ့ချင်တိုင်း တွေ့လို့ရမလားနော် ။ ဒါမျိုးတော့ မာမာ လက်မခံဘူး ။ အပြောကြည့်ပါ ။ မမကြီး နာမည် ဘယ်သူလဲ ။ ဘယ်ကလို့ ပြောလိုက်ရမလဲ ။ "

" အို ။ အတော်စကားများပြီး စိတ်ချရတဲ့ မာလီကုလားပဲ ။ "

ထိုအချိန် အိမ်တော်ထဲမှာ အမျိုးသမီးတစ်ယေယက်ထွက်လာသည် ။ မျက်မှန်အကြီးကြီးနှင့် ထိုအမျိုးသမီးရဲ့ ခန္ဓာကိုယ်ဟာ ထွားထွားကြိုင်းကြိုင်း ရှိလာသည် ။

" ဟဲ့ မာမာ ။ နင် ဘာတွေစကားများနေပြန်လဲ ။ "

" သခင်မကြီးနော် ။ သည် မမကြီးပေါ့ ။ သခင်မကြီးနဲ့ တွေ့ချင်တယ် ပြောပြီး နာမည်နာမမေးတော့ အပြောမပြုဘူးနော် သခင်မကြီး ။ "

" နင်နဲ့တော့ ခက်သားဟယ် ။ "

ထိုအမျိုးသမီးဟာ ရွှေမျက်မှန်ကြီး ဆိုတာကို မြိုင် သိလိုက်ပေမယ့် ။ ရွှေမျက်မှန်ကြီးကတော့ဖြင့် မျက်မှန်ကြီးတပ်ထားတာတောင်မှ မြိုင့်ကို မြိုင်မှန်း မသိသေးပါ ။

အနီးအနားသို့ ရောက်လာတော့မှ ခြံအပြင်က မြိုင့်ကို သတိတရဖြစ်သွားတော့သည် ။

" ဟယ် ။ ကြာမျက်လုံး ။ မြိုင် ။ ဒီမိန်းမတော့လေ မပြောမဆိုနဲ့ ရောက်ချလာတယ် ။

ဟဲ့ မာမာ ။ တံခါးဖွင့်လိုက်လေ ။ "

" ဟုတ်ပါပြီနော် သခင်မကြီး ။ "

မာလီကုလားကတော့ ခေါင်းတလှုပ်လှုပ်နဲ့ ခြံတံခါးဖွင့်ပေးတော့သည် ။ တံခါးပွင့်သွားသည်နှင့် ဒေါ်မူချစ်ဟာ အားရဝမ်းသာစွာဖြင့် မြိုင့်ကို အပြေးဖက်သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now