Part - 66 ( Zg + Uni)

Start from the beginning
                                    

ပြောမှ သိမယ့် သူရဲ့ ဒေါ်ဖြူဖြူ အေးစက်စက်
လေးကြောင့် ပြောပြရတော့မည်။

မဟုတ်ရင် ကြွားထားတာတွေအတွက် အကုန်လုံး
က သူ့ကို ဝိုင်းဟားကြတော့မည်။ အခုတောင်
ပြုံးစိစိနဲ့ ကြည့်နေကြပြီလေ။

" မောင် ဘာမှမဖြစ်ဘူး ဒေါ်ဖြူဖြူ...
မောင်ကလေ မောင့် ဒယ်ဒီ နဲ့ မာမီ၊
ဒီနှစ်ကောင်ကိုပါ ဇွတ်တွေ ကြွားထာတာ
ငါ့ ဒေါ်ဖြူဖြူ မင်္ဂလာဆောင် ဝတ်စုံဆိုင်
ရောက်ရင် မောင်ရေ ဖြူဖြူ ကလေ
ဟိုအရောင်လေး ဝတ်ချင်တယ်ဆိုပြီး
တောင်းဆိုလိမ့်မယ်လို့....အခု ဒေါ်ဖြူဖြူ
က မတောင်းဆိုတော့ သူတို့ အကုန်လုံး
အကြည့်ကို ကြည့်လိုက် မောင့်ကို
လှောင်ရယ်အပြုံးနဲ့ ထေ့ငေါ့နေကြပြီ "

" ဒါများ ဘာခက်တာမှတ်လဲ မောင်ရဲ့...
ဖြူဖြူ က တောင်းဆိုပေးမှာပေါ့
ဖြူဖြူ အဖြူရောင်လေး ဝတ်ချင်တယ် မောင် "

" ရေးစ်... ဒါမှ ငါ့ ဒေါ်ဖြူဖြူကွ "

ခါးကနေ ဆွဲပွေ့ကာ လူကို ချီလိုက်၍
ဖြူဖြူ မျက်ဝန်းအစုံက ဝိုင်းစက်သွားရသည်။

" အမယ်လေးဟဲ့ ပိုကိုပိုတယ် "

" ဟုတ်ပါ့ အဲ့တာ မင်းနဲ့ တူတာလေ
ဆုမြတ် "

" အို ရှင့် တူတာ ...ကျမမှာက အဲ့ဒီလို
အကျင့် မရှိဘူး ရှင်လည်း ကျမကို
လိုက်တုန်းက ကျမဆီက ငြင်းသံစကား
ကြားတာနဲ့ ကြက်ကြီး လည်နင်နေတဲ့
အတိုင်းပဲ "

" ခြီး..!!  "

" ဟားဟား... ဟားဟား "

သားဖြစ်သူ အကဲပိုတယ်ပြောရင်းကနေ
ဦးနေယံ နဲ့ ဒေါ်ဆုမြတ်ရှင်တို့ လင်မယား နှစ်ယောက်
ရန်ဖြစ်သွားကြရာ သူတို့ ရန်ဖြစ်တာကို
ထရယ်နေသော သွေးသစ်တို့ အတွဲနဲ့
ထက်ထက်ကြောင့် ခေါင်ယံမှိုင်းတို့
အတွဲမှာ ပြုံးစိစိ။

-
-
-
-
-
-
-
-
-
-

"  အဖြူရောင်ကိုမှ တကယ့် အကောင်းစား
သုံးခိုင်းလိုက်နော် ခင်ဗျားတို့ ဒီဇိုင်နာကို "

" ဟုတ်ကဲ့ပါ အစ်​ကို ....
ကျမတို့ ဒီဇိုင်နာက ပဲရစ်ပြန်ပါ
ဒီတော့ ဘာမှ စိတ်မပူပါနဲ့ ​နော်
တကယ့် အကောင်းစားကိုပဲ သုံးခိုင်းမှာပါ "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now