သူမ သံသယမဝင်တာမြင်တော့မှ နင်းမုန် စိတ်အေးသွားကာ ဆန်ပြုတ် အကုန်သောက်ပြီးတော့မှ သူမ ကိစ္စတွေကို သတိရသွားသည်။ “ဒုတိယနေ့တောင်ဖြစ်နေပြီကို ၁၇ ဘာလို့ ခုထိ မလာသေးတာလဲ”

သူ့ကို တတ်နိုင်သမျှ မြန်မြန် ပို့ပေးမယ်လို့ပြောထားကြတယ်မလား။

ဒီအဘွားကြီးရဲ့ အကြီးဆုံးသားက အလုပ်လုပ်တာ တအားနှေးတာလား။ အာ့ကြောင့်လည်း အနာဂတ်မှာ သူရှီချီဆီကနေ ကန်ထုတ်ခံရတာ ဖြစ်မည်။ 

လီချွင်က အမြန်ပြုံးကာ “လာနေပြီ လာနေပြီ တကယ်တမ်း သူက အောက်ထပ်တောင် ရောက်နေပြီ”

နင်းမုန် အမြန်ထရပ်ကာ တုန်ယီနေတဲ့ခြေထောက်တွေနဲ့ “အာ့ဆို သွားကြမယ် သွားကြမယ်”

ဝတ္ထုထဲမှာ သူက တအားလှတာလို့ဖော်ပြထားပေမဲ့ ကလေးက ဘယ်လိုပုံစံလဲ ဆိုတာ သူမက မျက်စိနဲ့ မတွေ့ရသေးပေ။ ကလေးတစ်ယောက်အနေနဲ့ သူ့အကျင့်စရိုက်က မည်သို့မှန်းလည်း မသိသေးချေ။ 

ရှီမိသားစု သွေးဆက်က တကယ့်ကိုကောင်းသည်။  အဘွားအိုရဲ့ တတိယသားက အရမ်းကိုမှ ငယ်ပြီး ကြည့်ကောင်းတဲ့ လူငယ်လေးတစ်ယောက်ဖြစ်သည်။ ဝတ္ထုထဲမှာ ရှီချီက သူ့အမေရဲ့အလှကို အမွေရထားတာဟု ဆိုထား၏။ 

သူမ ချက်ချင်း ထရပ်လိုက်တာမို့ သူမ ခြေထောက်တွေ ယိုင်သွားကာ ခုံပေါ်ပြန်လဲကျတော့မလို ဖြစ်သွားသည်။ လီချွင်က အမြန်လာထိန်းပေးသည်။  ကံကောင်းချင်တော့ ဒီလိုမျိုးကလည်း ဖြစ်နေကျမို့ သူတို့လည်း ကျင့်သားရနေကြပြီပင်။

တစ်ထပ်အိမ်သေးသေးလေးလို့ ပြောပေမဲ့ တကယ်တန်း မသေးပေ။ သင်သာ အောက်ထပ်ကို လုံးဝ သေချာမရောက်မချင်း ပန်းတွေအားလုံးကို မြင်နိုင်မှာမဟုတ်ပေ။

နင်းမုန်က ပတ်လည်ကို တချက်ကြည့်ကာ မြင်ကွင်းတစ်ခုလုံးကို ကြည့်လိုက်သည်။ ဒီတစ်ထပ်အိမ်သေးသေးလေးက သူမမှတ်ဉာဏ်ထဲက အတိုင်းပင်။

တစ်ခုတည်းသော ပြဿနာက သူမ အမြင်တွေ ဝါးနေလေသည်။ အရင်ဘဝတုန်းက သက်ကြီးရွယ်အိုတွေ ပြောတဲ့ မျက်စိမွဲတယ်ဆို ဖြစ်တာနေလိမ့်မည်ပင်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now