Chapter -64
Depuis le début
ဒီခန္ဓာကိုယ်ပိုင်ရှင်တော့ အိုလီဘာကြောင့် အလွယ်ပျော်ရွှင်နေပြီး အိုလီဘာကိုအလွယ်ယုံကြည်လှသည်၊ ထိုနောက်မှာတော့ ဒန်နာရီဟာ အန်နာနဲ့အတူ ပြန်လိုက်သွားပေမယ့် ဝိညာဉ်ဒန်နာရီကတော့ ကျန်ရစ်ခဲ့ပြီး လူတိုင်းရဲ့အပြုအမှုကို စောင့်ကြည့်ခဲ့သည်၊ထိုနောက်မှာ​တော့ အိုလီဘာဟာ အန်ဒီးယားဆီသွားတော့သည်၊
"ကလေးလေး ဂုဏ်ယူပါတယ်" ထိုနူးညံ့လှပြီး ချစ်ခြင်းမေတ္တာအပြည့်နဲ့အသံကို အိုလီဘာဆီကနေ ဒန်နာရီတစ်ခါမှ မကြားဖူးပေ၊အများအားဖြင့် အေးစက်နေပြီး အလုပ်တစ်ခုခိုင်းတော့မည့်အချိန်မှသာ သူ့အပေါ်နူးညံ့စွာဆက်ဆံဖူးသည်၊
"ကိုကိုက ကျွန်တော့်ကို အရင်လည်း မပြောဘူး" အန်ဒီးယားဟာ နူတ်ခမ်းဆူလိုက်ပြီး မကျေနပ်ပြောဆိုလိုက်သည်၊အိုလီဘာဟာ ရယ်လိုက်ပြီး လက်ဆောင်တစ်ခုထုတ်ပေးလိုက်သည်၊
"ကိုကိုက ဝတ်ကျေတန်းကျေအနေနဲ့ပါ ဒါပေမယ့် ကိုကိုရဲ့ဂုဏ်ပြုလက်ဆောင်ကတော့ အန်ဒီးယားအတွက်ပါ"
ကလေးရဲ့လက်တစ်ဆုပ်တစ်ဝက်လောက်ရှိတဲ့ပတ္တမြားကို စိန်များပတ်လည်ဝန်းရံထားတဲ့အမျိုးသားရင်ထိုးကို အန်ဒီးယားရဲ့အင်္ကျီရင်ဘက်မှာထိုးပေးလိုက်တော့ အန်ဒီးယားဟာ ပျော်ရွှင်သွားတော့သည်၊
"ကိုကိုအိုလီဘာကို အန်ဒီးခွင့်လွှတ်ပေးလိုက်ပါမယ်လေ" အန်ဒီးယားစကားကြောင့် အနီးနားကလူတွေဟာ ရယ်မောသွားတော့သည်၊ကလီနာဟာ ကျေနပ်စွာပြုံးနေပြီး အရာအားလုံးဟာ သူမဖြစ်ချင်တဲ့အတိုင်းဖြစ်လာတော့သည်၊
ဝိညာဉ်ဒန်နာရီဟာ ထိုမြင်ကွင်းကိုကြည့်နေခဲ့ပြီး မျက်ရည်စက်များဟာ သူ့ပါးပေါ်ကနေ စီးကျနေခဲ့ပေမယ့် သူရဲ့မျက်နှာအမူအရာကတော့ တည်ငြိမ်လှသည်၊
ဒန်နာရီဟာ အကြည့်တွေကိုရှောင်ဖယ်သွားခြင်းမရှိပေ၊
အတိတ်ကငါက တုံးအခဲ့ပေမယ့် လက်ရှိငါကတော့ ထိုသို့မဟုတ်တော့ဘူး၊သူတို့က ငါ့ကို နာကျင်အောင်ပြုလုပ်နိုင်သေးပေမယ့် ငါရဲ့စိတ်ကိုတော့ ထိခိုက်အောင်မလုပ်နိုင်တော့ဘူး၊
လက်ရှိငါက ရှေ့ဆက်ရမဲ့တာဝန်တွေရှိသေးပြီး ထိုလိုလူတွေအတွက် လိုက်ပါခံစားစရာအကြောင်းမရှိတော့ပေ၊