မကြာပါ ထိုလူ၂ယောက် အတွင်းသို့ဝင်ရောက်သွားလေသည်။

"အချစ်က စောစောတောင်ရောက်နေတာပဲ ။ နေ့လည်စားချိန်က နည်းနည်းလိုသေးတယ်"
ဟု အဲလက်စ် ကပြောလိုက်သည်။

"အချစ်သိတယ် ယောက်ျားရဲ့ ။ အချစ်လဲ ဒီတိုင်းအိမ်မှာဆိုပျင်းနေလို့လေ ။ အဲ့တာနဲ့ စောစောလာလိုက်တာ" လို့ ဈာန်ရတုကပြန်ရှင်းပြလိုက်သည် ။

"ဟုတ်ပါပြီဗျာ လာ ကိုယ့်ရုံးခန်းသွားကြမယ်" ဆိုပြီး အဲလက်စ်ရုံးခန်းရှိရာ အပေါ်ဆုံးထပ်ကိုတက်သွားကြလေသည် ။

အပေါ်ဆုံးထပ်တွင် CEO ရုံးခန်း ၊ အတွင်းရေးမှူးစားပွဲသာ ရှိလေသည် ။ ကျယ်ပြောလှသည့် ဝရံတာအကြီးကြီးလဲရှိလေသည် ။

"ယောက်ျားရဲ့ အခန်းကအကြီးကြီးပဲရော် ။ ဝရံတာကလဲ အရမ်းမိုက်တာပဲဗျာ "

"အချစ်က ချီးကျူးနေတာပဲ ။ အချစ်ကြိုက်တဲ့အချိန်လာလိုါရတယ် ။ ကိုယ့်အပိုင်ကအချစ်အပိုင်ပဲ ။ ကိုယ်ပိုင်တာမှန်သမျှ အချစ်ပိုင်တာ သိထားပါအချစ်"
ဟုဆိုကာ ဈာန်ရတုရဲ့လက်ကိုဆွဲယူလိုက်တာ လက်ဖမိုးကို နူးညံ့စွာနမ်းလိုက်သည်။

"ဟုတ်ပါပြီ ယောက်ျားရယ် ။ အချစ်ပိုင်တာလဲ အချစ်ပိုင်တယ် ၊ ယောက်ျားပိုင်တာလဲ အချစ်ပိုင်တယ် ဟုတ်တယ်မလား ဟီးး" ဟု ပြုံးဖြီးကာပြောလိုက်ရင်း အဲလက်စ်ရဲ့လက်မောင်းကို တင်းကြပ်စွာဖက်လိုက်သည်။

"ဟာ ဘယ်လိုလေးလဲကွာ အချစ်ရယ် ။ ဒါပေါ့ အချစ်မှန်ပါတယ်ကွာ " ဟုပြောကာ ဈာန်ရတု၏ နဖူးကို နူးညံ့စွာနမ်းပြန်သည်။

"လာပါ ယောက်ျား ။ ထမင်းစားရအောင် ၂ယောက်စာယူလာတယ် ၊ အော် ဒါနဲ့ ယောက်ျားအတွင်းရေးမှုးလဲ မတွေ့ပါလား"

"သူက အခု Jမြို့ကို ရောက်နေတယ် ။ အလုပ်ကိစ္စနဲ့ လွှတ်လိုက်တာ ။ ပြန်ရောက်တော့မှာ ။ သူက Alpha လေ "

"အော် အွန်းအွန်း အချစ်ကသိချင်ယုံပါ ။ စားကြရအောင်"

"ဟုတ်ပါပြီဗျာ "

ထမင်းဘူးကိုဖွင့်လိုက်တော့ အပူငွေ့လေးများ ထွက်လာလေသည် ။ ထမင်းဘူးမှာ အပူခံဘူးဖြစ်ရာ အပူချိန်ကိုထိန်းထားနိုင်သည်။

ငါစာအုပ်ထဲရောက်သွားပြီး ယောက်ျားနဲ့ ကလေးရသွားခဲ့တယ် [ Unicode +Zawgyi ]Where stories live. Discover now