ep 28

1.3K 167 1
                                    

LOVE STORY OF VAMPIRE

EP (28)

12.22.2011

ဒီနေ့ကတော့---

X'mas ရောက်ဖို့ 3ရက်အလို ကျွန်မ seoul မှာ တက္ကသိုလ်တက်နေရင်း ကျောင်းပိတ်လို့ဂန်ဝန်ဒိုမြို့လေးကို ပြန်ဖို့ ပြင်ဆင်နေတဲ့ အချိန်လေးပေါ့----

ကျွန်မဘဝကို ပြန်ပြောင်းအောက်မေ့ပြီးပြောရမယ်ဆိုရင် --ကျွန်မ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကိုဖြေဆိုအောင်မြင်ပြီးတဲ့ နှစ်မှာပဲ--ကျွန်မ ဖခင်ဖြစ်သူက ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်၊ကိုရီးယားရဲ့ အကောင်းဆုံးလို့ ဆိုရမယ့် seoul uni ကို တက်ရတော့မယ်ဆိုတော့ သိပ်ကို ပျော်ရွင်နေရပေမယ့် အဖေဆုံးသွားတာကြောင့် အပြည့်အဝ မပျော်ရွင်နိုင်ခဲ့ရပါဘူး--

အဖေ မရှိတော့ ဆေးရုံစရိတ်တွေကော တခြားအကြွေးတွေကို ဆပ်ဖို့အတွက်ပါ ကျွန်မတို့နေထိုင်ရာ seoul မြို့က အိမ်လေးကို ရောင်းချပြီး---အဖွါးရဲ့ သူငယ်ချင်း li အဖွါးရှိရာ korea နိုင်ငံရဲ့ တောတောင်တွေ ထူထပ်ပြီးသာယာ လှပလှတဲ့ ganwondo လို့ အမည်ရတဲ့ မြို့ကလေးဆီသို့ --'-ကျွန်မရယ်၊အမေရယ်၊အဖွါးရယ် 3ယောက် ပြောင်းရွေ့လာခဲ့ရပါတယ်----

ဂန်ဝန်ဒို မြို့လေးကို ရောက်တော့ ကျွန်မ အဖွါး li ရဲ့မိတ်ဆက်ပေးမှုကြောင့် ကလေးတွေကို အချိန်ပိုင်း စာပြပေးတဲ့ အလုပ်ကလေးကို ရရှိခဲ့ပါတယ်၊

အဲဒိမှာပဲ ကျွန်မ လုံးဝကို မထင်မှတ်ထားတဲ့ ---ကျွန်မဘဝရဲ့ မိသားစုဝင်တွေပြီးရင် နောက်ထပ် အရေးကြီးဆုံး ဖြစ်လာမယ့်လူတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်--''

သူ့နာမည်ကတော့ Kim joongin လို့ ခေါတဲ့ ကောင်လေးပါပဲ--'

သူက ကျွန်မထက်2နှစ်ငယ်ပါတယ်--အခုမှ တက္ကသိုလ်ဝင်တန်း ဒုတိယနှစ်ပေါ့--ကျွန်မ သူ့ကို စာပြပေးရင်းနဲ့ သိခဲ့ရတာပါ--

သူက ကျွန်မတို့ နေထိုင်ရာ ခြံနဲ့ ဘေးချင်းကပ်လျက် ခြံမှာနေထိုင်သူပါ၊

မိသားစုက ချမ်းသာတယ်၊သူက အသားညိုညိုလေးနဲ့ ဆွဲဆောင်မှုရှိတယ်၊အကလည်း အရမ်းတော်တယ်၊အစစ အရာရာ --ကျွန်မနဲ့ ကွာခြားနေတာတွေကြီးပါပဲ---

THE LOVE STORY OF VAMPIREWhere stories live. Discover now