Part - 56 ( Zg + Uni)

Start from the beginning
                                    

နောက်ခန်းက နှစ်ယောက်မှာလည်း
လွန်ကြိုးဖြူဖြူ ကို နိုင်စားနေသော
ခေါင်ယံမှိုင်း ကို ကြည့်ရင်း မလွယ်ဘူး
ဆိုတဲ့ မျက်နှာပေးတွေနဲ့။

**********************

" ဟဲ့... ဟဲ့ ခေါင်ယံမှိုင်း အသီးတွေ
ရေဆေးဦးလေ....ပိုးသတ်ဆေးတွေ
ဖြန်းထားတာ အသီးတွေက "

စပျစ်ခြံလည်း ရောက်ရော စပျစ်သီးတွေ
ရေမဆေးဘဲ ခူးစားဖို့ ပြင်လိုက်သဖြင့်
ဖြူဖြူ လက်တွေက သူ စားမှာကို
တားပစ်လိုက်သည်။

" ခေါ်ပြန်ပြီလား ဒေါ်ဖြူဖြူ... ဒီတစ်ခါ
မောင် မညှာတော့ဘူးနော် "

" ဆောရီး ဆောရီး မောင်... ဖြူဖြူ
ယောင်သွားလို့ "

" ရော့ စား... ဒေါ်ဖြူဖြူ "

စပျစ်သီးကို သူ့ အင်္ကျီနဲ့ သုတ်ရင်း
ဖြူဖြူ ကို လာပေးသဖြင့် နှုတ်ခမ်းဆူ
လိုက်မိသည်။

"  မောင့်ဟာက ရေမဆေးရသေးဘူးလေ
နောက်ပြီး ဒါတွေက ပိုးသတ်ဆေးတွေ
ဖြန်းထားတာ "

" မောင့် အင်္ကျီ နဲ့ သုတ်ပေးထားပါတယ်
ဒေါ်ဖြူဖြူ ရဲ့... သန့်ပါတယ် "

" မရဘူး ရေစားပြီးမှ ဖြူဖြူ ကို ကျွေး
မောင်လည်း ရေဆေးပြီးမှ စားသင့်တယ် "

" ဟိတ်....ဟိတ်​...ဒေါ်ဖြူဖြူ..!!
  ဒေါ်ဖြူဖြူ.. "

မလှမ်းမကမ်းက ရေဘားကို သွားဖွင့်ကာ
ရေပိုက်​ကြီးကို သူ့ ​ဒေါ်ဖြူဖြူက
ယူချလာသည်။

ဘားကို ဖွင့်ထားတော့ ရေပိုက်က ရေတွေ
က တရစပ်စီးကျလာသည်။

" မောင်.. လက်ဖြန့်ထား ဖြူဖြူ
စပျစ်သီးတွေကို ရေဆေးပေးမယ် "

" အိုကေ မောင့် အသည်းတုံးလေး..
မောင့် ကို မစိုစေနဲ့အုံး ... "

လက်ဖြန့်ကာ မစိုစေနဲ့ဆိုလာတဲ့ သူ့ကို
ဖြူဖြူ ညစ်ချင်သွားမိသည်။
ဘယ်ရမလဲ လွန်ကြိုးဖြူဖြူ ပါ။
မောင့်ကို ရေစိုအောင် မလုပ်နိုင်ရင်
မောင့် ဒေါ်ဖြူဖြူ မဟုတ်တော့ဘူးလေ။

" ဟိတ်.. ဟိတ် စိုတော့မယ် ဒေါ်ဖြူဖြူ..
မောင် စိုတော့မယ် "

စပျစ်သီးတွေ ပက်တာ လူကို လာစင်၍
မျက်နှာကို လက်နဲ့ကာကာ ခေါင်ယံမှိုင်း
တားနေပေမဲ့ လွန်ကြိုးဖြူဖြူ ကတော့
တစ်​ချက်​​က​လေးမှ ဂရုမစိုက်။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now