Part(13) Zawgyi & Unicode

Start from the beginning
                                    

"ဒီကိုဘာကိစ္စလဲ "

"ညီညီ့မိဘတွေဆီလာတာ အန်ကယ်...ကိုကိုတို့ပြန်ရောက်နေပြီပြောလို့ ဒီဘက်ကူးလာတာ"

"အေး အခုလေးတင်ပဲရောက်လာကြတာ"

"ဟုတ်!.."

"ကိုကိုတို့ မွန်းတို့မင်္ဂလာဆောင်ပြီးမှ လက်ထပ်ရမယ်နော် မွန်းတို့ထပ်အရင်မလုပ်နဲ့ "

တိုင်းက စိုးရိမ်တကြီးနဲ့လှည့်ကြည့်သည်။ သူတို့ကအခုမှ သဘောတူ၊မတူစောင့်နေတုန်း။ မွန်းက လက်ထပ်ဖို့ပင်စကားစနေသည်။ ဒီကောင်မလေးအရိပ်အကဲမကြည့်တတ်တာလား။

"ဟုတ်တယ် ညီညီတို့ပြီးမှ သားတို့စိတ်ကြိုက်ပေါ့ ပုံမှန်အတွဲမဟုတ်တော့ ကြိုက်သ‌လိုစီစဉ်ကြပါစေ"

တိုင်းစိုးရိမ်နေပေမဲ့ ပြန်ဖြေလာသည့် မာမီ့စကားကြောင့် တိုင်းအံ့ဩမှုတွေကအတိုင်းမဆ။ အခု သူတို့ကို သားတို့စိတ်ကြိုက်လို့ပြောလိုက်တာ။

"မာမီ!.."

"မာမီတောင်းပန်ပါတယ် အရင်က သားကို နားမလည်ပေးနိုင်ခဲ့လို့"

"မဟုတ်တာ သဘောတူပေးတာနဲ့တင်ကျေးဇူးတင်နေတာပါ ဒယ်ဒီရောပဲ"

"ကျေးဇူးတင်ရင် မပျက်စေနဲ့ကွာ...ခက်ခက်ခဲခဲလက်ခံပေးထားရတာကို အားနာရင်ရပြီ"

"ဟုတ်ကဲ့စိတ်ချပါ အဲ့လိုမဖြစ်စေရပါဘူး"

တိုင်းက ပြုံးပြုံးရွှင်ရွှင်နဲ့ပင်ကတိပေးသည်။ တိုင်းသည် ဒယ်ဒီနဲ့မာမီကို ကြီးတဲ့အသက်မှအားမနာ အားရပါးရဖက်နေခဲ့သည်။

"ဪ ဘယ်လောက်အသက်ကြီးကြီး မိဘနဲ့ဆိုရင်ကလေးအတိုင်းပါပဲလား"

မွန်းတို့အားလုံးထပ်တူပျော်ရပါသည်။

••••••••••*⁠˘⁠︶⁠˘⁠*.⁠。⁠*⁠♡••••••••••

သုံးလကြာပြီးနောက်!..

"ညီမလေး ဘာဖြစ်တာလဲ...မျက်နှာမကောင်းဘူး"

ဒီရက်ပိုင်း ယောက မွန်းကားနဲ့လိုက်နေတာ တစ်လရှိပြီဖြစ်သည်။  လင်းကလည်း လာမကြို။ မွန်းကိုတောင်လူကိုယ်တိုင်လာမတွေ့ဘဲ မက်ဆေ့ခ်ျနဲ့ အကြိုအပို့လုပ်ပေးဖို့တောင်းဆိုခဲ့တာ။ ပုံမှန်ဆို လင်းအပေါ် အမြဲလွှမ်းမိုးတတ်သည့်ယောက လင်းမှလင်း။ အခုတော့ ယောကလည်း ဘာမှမပြောဘဲငြိမ်နေ၏။

အိမ်မက်လမ်းနှင့်အချစ်သံစဉ်-Season(2)-Unforgotten memories 💝Where stories live. Discover now