ဟန်ဆန်းက ပြောလိုက်တယ်။

"အားလုံးယူလိုက်လေ။ သန္ဓေပြောင်းသားရဲအသားရရင် ငါ့ကို နည်းနည်းပိုပေးပေါ့။ ကံကောင်းလို့ ထွတ်မြတ်သွေးသားရဲ အသား ရရင်တော့ရှယ်ပဲ။''

လင်ဘီဖန်းက ပြုံးပြီးပြောလိုက်တယ်။

"လောဘမကြီးနဲ့လေ။ ငါ အများဆုံးပေးနိုင်ရင် သန္ဓေပြောင်းသားရဲတကောင်ပဲ။ ကျန်တဲ့မြားတွေ ပြန်သိမ်းထားလိုက်။''

ဟန်ဆန်းက မြားနှစ်ချောင်းကို ယူထားလိုက်ပြီး ကျန်တဲ့ရှစ်ချောင်းကို လင်ဘီဖန်း ရှေ့ကို ပြန်တွန်းပို့လိုက်ပါတယ်။

"ဆန်း..., အားလုံး မင်း ယူထားလိုက်ပါ။ သုံးပြီးတဲ့အခါ ပြန်ပေးချင်လည်း ပြန်ပေးပေါ့။ ဒီမြားတွေက ငါ့အတွက်တော့ ဘာမှ တန်ဖိုးမရှိဘူး။ ငါတို့မိသားစုက ဘာလုပ်ငန်း ပိုင်လဲ။ မင်း သိလား။''

လင်ဘီဖန်းက မြားအားလုံးကိုယူဖို့ မရမကထပ်ပြောလိုက်ပါတယ်။

"မင်းတို့မိသားစုက ဇက်စတီးမိုင်းတွင်း တွေ ပိုင်လို့လား...။''

အံ့အားသင့်သွားတဲ့ ဟန်ဆန်းက လင်ဘီဖန်းကို ထူးတူးဆန်းဆန်း လှမ်းကြည့်လိုက်ပါတယ်။

လင်ဘီဖန်းက ခေါင်းခါလိုက်တယ်။

"ငါတို့မှာ ဇက်စတီးမိုင်းတွင်း မရှိပါဘူး။ ဒါပေမဲ့ ဇက်စတီးထုတ်တဲ့ကုမ္ပဏီအုပ်စုနဲ့ အကျိုးတူပူးပေါင်းထားတယ်။ ငါတို့မှာ ရှားရှားပါးပါးသတ္တုတွင်းတတွင်း ရှိတယ်။ အဲ့ဒီတွင်းက ဇက်စတီး ၇နဲ့၇ ရာခိုင်နှုန်းအထက်ပါတဲ့သတ္တုတွေ ထွက်တယ်။ အဲ့ဒါတွေက အရမ်းစျေးကြီးတယ်။ စျေးကြီးပေမဲ့ သူတို့က အမြဲလိုနေတယ်။ အဲ့ဒါကြောင့် ငါတို့က သတ္တုပေး, သူတို့က ဇက်စတီးပါတဲ့ ထုတ်ကုန်တွေကို စျေးရင်းနဲ့ပြန်ပေး, အဲ့လို အပေးအယူ လုပ်ထားတယ်။ အားမနာပါနဲ့။ နောက်ထပ် မင်းလိုအပ်ရင် ငါ ထပ်ပေးဦးမယ်။''

"ဒါဆိုလည်း ပြီးရော...''

ဟန်ဆန်းက လင်ဘီဖန်းကို လက်မထောင်ပြလိုက်တယ်။

လင်ဘီဖန်းက ခေါင်းညိတ်ပြီး ဆက်ပြော လိုက်တယ်။

"တကယ်တော့... ဇက်စတီးသတ္တုစပ်တွေကို စစ်တပ်မှာ အကြီးစား အသုံးပြုတယ်။ တဦးချင်းအနေနဲ့ဆို လေးလွန်းအားကြီးတယ်။ ဥပမာ..., ဇက်စတီးချပ်ဝတ်တန်ဆာ က အထူးကောင်းပေမဲ့ သူ့အလေးချိန်က ဝတ်တဲ့လူကို နှေးစေတယ်။ အတွင်းအား ကုန်စေတယ်။ သားရဲဝိဉာဉ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် လက်တွေမှာ အသုံးမကျဘူး။ အနာဂတ်မှာ နည်းပညာအရ ဇက်စတီး ၅၀ ရာခိုင်နှုန်း အထက်ပါတဲ့ပစ္စည်းတွေ ထုတ်နိုင်တဲ့အခါ အလေးချိန်ကိုလည်း လျော့ချနိုင်လိမ့်မယ်။''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now