"လိုက်မကျွေးဘူးဆိုရင်ရော"

"မွေးနေ့လက်ဆောင်မရဘူးပေါ့"

"မွေးနေ့လက်ဆောင် စီစဥ်ထားတယ်ပေါ့လေ?"

"ဒါပေါ့"

"အဟမ်း!! ဒါဆိုရင်လည်း လိုက်၀ယ်ကျွေးရတာပေါ့"

"ဟီးဟီး.... ဒါဆို ငါအဆင်သင့်​ပြင်ပြီး စောင့်နေမယ်နော်"

"အိုခေ"

ဆယ်နှစ်လောက် မုန့်မစားထားရတဲ့ ကလေးတစ်ယောက်လို ခုန်ပေါက် ပျော်မြူးနေသည့် သွန်းမီသိမ့်ကို ကြည့်ပြီး ခေါင်းခါမိလိုက်တော့သည်။

သွန်းမီသိမ့် အိမ်ကနေ ပြန်သွားတော့ ဟန်စစ်သွေးလည်း အခန်းထဲပြန်၀င်လာခဲ့သည်။

တံခါးကို လော့ခ်ချလိုက်ပြီး ရေချိုးဖို့အတွက် အင်္ကျီကို ခေါင်းကနေ ဆွဲချွတ်လိုက်သည်။

နောက်ပြီး ရေချိုးခန်းထဲ ၀င်မည်အလုပ် အတွေးတစ်ခုက ခေါင်းထဲ ဖျတ်ခနဲ ၀င်လာတာကြောင့် အိပ်ယာပေါ်တွင် တင်ထားသော ဖုန်းကို ကောက်ကိုင်လိုက်သည်။

နောက်ပြီး မတ်တပ်ရပ်ကာ  ပြုံးပြုံးကြီး နှင့် စာတစ်ချို့ကို ရိုက်ပြီးနောက် သက်ဆိုင်သူဆီ ပို့လိုက်တော့သည်။

နာရီ၀က်လောက် ရေချိုးပြီး ပြန်ထွက်လာတော့ ခေါင်းရေသုတ်ရင်း ဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။

မျှော်လင့်ထားသော ပြန်စာတစ်စောင်က Screen ပေါ်တွင် အထင်းသား........။

_
_

"Happy Birthday ဟန်စစ်သွေး"

"Thank you"

သွန်းမီသိမ့် ကမ်းပေးလာသည့် မိုးပြာရောင် ဘူးလေးကို ဟန်စစ်သွေး လှမ်းယူလိုက်သည်။

ဘူးပေါ်မှာ ချည်နှောင်ထားသည့် ဖဲကြိုးကို ဖြည်ကာ အဖုံးဖွင့်ကြည့်လိုက်တော့ ရေမွှေး တစ်ပုလင်းနှင့်  ငွေရောင် ဖျတ်ဖျတ်ထနေသော နာရီတစ်လုံးကိုတွေ့လိုက်ရသည်။

"ပြီးပြည့်စုံနေတဲ့ နင့်ကို မွေးနေ့လက်ဆောင် ပေးဖို့အတွက်  တော်တော်စဥ်းစားယူလိုက်ရတယ်"

"စျေးကြီးမှ မွေးနေ့လက်ဆောင်လို့ သတ်မှတ်တာမဟုတ်ပါဘူးဟာ။ စိတ်ရင်းနဲ့ ပေးရင် လမ်းဘေးမှာရောင်းတဲ့ နာရီတစ်လုံးကတောင် တန်ဖိုးရှိပါတယ်"

 နှောင်ကြိုး {OC}Where stories live. Discover now