Part - 54 ( Zg + Uni)

Start from the beginning
                                    

" ချစ်တယ် မောင်... မောင့်ကို ဖြူဖြူ
သိပ်ချစ်တယ် "

" ရွှတ်.. "

" မောင့် မိန်းမလေးက တော်လိုက်တာ "

" ရွှတ် "

" ဒါ့က ဆုခ်တာ "

" ရွှတ် "

" ဒါ့က ထပ်ခေါ်ပေးဖို့ အတွက် တောင်းဆိုတာ.. "

ပါးကို နမ်းကာ ထပ်ခေါ်လာခိုင်းသော သူ့ကို
ဒီတစ်ခါတော့ ဖြူဖြူ မျက်စောင်းထိုးမိသွား
သည်။

" မင်း လွန်လွန်းနေပြီနော် ခေါင်ယံမှိုင်း..
ငါ ခေါ်နေတာ ဆယ်ခါမကတော့ဘူး "

" ဘာလဲ ဒေါ်ဖြူဖြူ က မောင့်ကို ငြိုငြင်
တာလား..အခုလည်း မောင့်ကို နာမည်တွေ
ခေါ်နေတယ်   "

လူကို စူးစူးစိုက်စိုက် ကြည့်ကာ ပြောနေသော
သူ့ အကြည့်တွေက ဖြူဖြူ ရင်ကို အတိုင်းမသိ
အခုန်မြန်စေသည်။  ဒါ့က ဘာလဲ။
ဖြူဖြူ ကို သူ့က စိတ်ဆိုးနေတာလား။
ချစ်ဖို့ ကောင်းလိုက်တာ။  လူဆိုးကောင်လေး
စိတ်ဆိုးတာက ချစ်စရာကောင်းနေတယ်။

"  ဘာလဲ မင်းက ဖြူဖြူ ကို စိတ်ဆိုးနေတာ
လား.. ဒါဆိုလည်း ဆိုး.. ဖြူဖြူ မချော့
တတ်ဘူး "

အမြင်ကပ်ကပ်နဲ့ ဖြူဖြူ ပြောလိုက်တော့
ပို၍ မကြေအကြည့်နဲ့ ကြည့်လာသော
သူ့ကို ဖြူဖြူ မျက်စောင်းထပ်​ထိုးပစ်လိုက်သည်။

" မောင့် ကို မျက်စောင်း ထိုးတယ်ပေါ့ ဒေါ်ဖြူဖြူ..
ပြီးကျမှ မောင့် ဟာနဲ့ ထိုးမှ မငိုနဲ့နော် "

" ဘာ...!! မင်း... မင်း မိုက်ရိုင်းလှချည်လား
ခေါင်ယံမှိုင်း "

မျက်လုံး ပြူးသွားရင်း ရန်တွေ့လာသော
ဒေါ်ဖြူဖြူ ပုံစံလေးက သိပ်ကို လှသည်။
ဒါပေမဲ့ ခေါင် အမြင်ကပ်သလို စိုက်ကြည့်
ပစ်လိုက်သည် ။

" မရိုင်းပါဘူး.. မောင့် နှုတ်ခမ်း နဲ့
ခင်ဗျားကို ထိုးမှာလေ.. အခု ခင်ဗျား
ပုံစံက မောင့်က ဘာနဲ့ ထိုးမှာမို့လို့ ခင်ဗျားက
ရိုင်းတယ်လို့ တွေးနေရတာလဲ ဒေါ်ဖြူဖြူ ...??  "

" ဟင်.. မ.. မတွေးဘူး ဖြူဖြူ ဘာမှ
မတွေးဘူး... "

" ဟုတ်လို့လား ဒေါ်ဖြူဖြူ.. အခု ခင်ဗျား
ပုံစံက မောင့်က ခင်ဗျားကို တစ်ခုခုနဲ့
ထိုးမယ်လို့  တွေးနေတယ်နော်..
အဲ့တာက ဘာလဲ မောင် သိတယ်နော်..
အဟင်းဟင်း "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now