I'm Trap { CH - 16 }

776 60 17
                                    


Hyuk POV>>>>

သူအခန်းထဲရောက်တာနဲ့ အကျီ င်္လဲကာ haeအတွက် အိပ်ယာခင်းပေးပြီး သူအိပ်နေကျ နေရာ haeကုတင်ဘေးတွင် စောင်လေးခင်း ပြီး ကိုယ်ပေါ်သို့ နောက်စောင်တစ်ထည်ကို တင်ကာ ခြုံလိုက်သည်။ သူhaeနဲ့ ဖြစ်ပျက် ခဲ့တာ ကိုပြန်စဉ်းစားမိရင်း မျက်ရည်တို့က အလိုလိုကျလာပြန်သည်။

"ဘာ့ကြောင့်လဲ Wae?? ငါကဘာလို့ မင်းရဲ့ ကစားစရာ အရုပ် ဖြစ်ရလဲ မင်းစိတ်ထဲမှာ အချစ်ဆိုတာ တကယ်ရှိလို့လား မင်း မျက်လုံးထဲ မြင်သမျှက မင်း လုပ်ချင်တိုင်း လုပ်လို့ရမယ့် အရုပ်တွေလား"

ဒါပေမယ့် သူရင်ခုန်ခဲ့သည် သူရဲ့first kiss*.
လူတစ်ယောက်က သူကို ပေးတဲ့ ပထမဦးဆုံးအကြင်နာ ……သူငယ်ငယ်က စိတ်ကူးတွေယဉ် ခဲ့မိသည်။ သူရဲ့first kissက အလွန် ချစ်စရာကောင်းတဲ့ သူရဲ့ ချစ်ရသူ မိန်းကလေးနဲ့  မြတ်မြတ်နိုးနိုးပေးတဲ့ အနမ်း………ခုတော့ ……………haeရဲ့အနမ်း!! ……သူအိမ်မက်ထဲမှာတောင် မမက်ခဲ့ဖူးပါ။ haeကချောသည် တစ်ခါတစ်လေ သူ့အ ကြည့်တွေကို လွှဲလို့မရလောက်အောင် ဖမ်းစားတတ်သည် ဒါကိုတော့ သူဝန်ခံသည်။ ဒါပေမယ့်………အဲ့ဒိအချိန်က တစ်ခဏသာ ………အဒိအချိန်ထက် haeရဲ့ တစ်ဇွတ်ထိုး လုပ်တဲ့အကျင့် သူမကြိုက်တဲ့ အကျင့်တွေကို မြင်ရတာပိုများတာကြောင့် သူhaeကို မုန်းနေမိသည်(hyuk ရဲ့အထင်).

ခဏအကြာ haeအခန်းထဲဝင်လာသည်။ ထို့နောက် သူကိုယ်ပေါ်က စောင်ကိုခြုံပေး လိုက်ပြီး အဝတ်လဲကာ ကုတင်ပေါ်ထက်၌  လှဲလိုက်သည်။ hyuk သူစိတ်ထဲ ထူးဆန်း နေသည်။

"haeကဘာလိုချင်လဲ သူဘာဖြစ်ချင်တာလဲ ဘာလို့ငါ့ကို ဂရုတစိုက်နဲ့ စောင်ခြုံပေးတာလဲ
အေးလေ!!!မင်းရဲ့ အပျင်းပြေ အရုပ်ကို စောင်ခြုံပေးတာက မဆန်းပါဘူး ငါကမင်း လုပ်သမျှ ခံရမယ့် လူပဲကို ငါ့စိတ်ဝိဥာဉ် ကသာ ဒီခန္ဓာကိုယ်ထဲမှာ ဆိုပေမယ့် ငါမပိုင် ပါဘူး မင်းပဲပိုင်ပါတယ် lee donghae!!"  သူကုတင်ပေါ်မှ တစ်ဖက်စောင်းကာ လှဲအိပ်နေသော haeကို ကြည့်ကာ စိတ်ထဲမှ ပြောလိုက်ရင်း မျက်ဝန်းတို့မှ မျက်ရည်တို့က အံကျလာပြန်သည်။  

နောက်တစ်နေ့မနက်>>>>>

Hae POV>>>>

သူမနက်ခင်းရောက်တော့ ကျောင်းသွားဖို့ ပြင်ဆင်ပြီး အောက်ထပ် ထမင်းစားခန်းသို့ ဆင်းလာတော့ ommaနဲ့နတ်ဆရာkim တိုးတိုးတိတ်တိတ်နဲ့ စကား ပြောနေသည်။ သေသေချာချာ သဲသဲကွဲကွဲမကြားရ တာကြောင့် သူလှေကားအဆုံးထိ ဆင်းလိုက်တော့ mrs.leeကမြင်သွားပြီး ပြောလတ်စ စကားတို့ ကိုဖြတ်ကာ>>>>

I'm Trap{ Eunhae }Where stories live. Discover now