Part - 53 ( Zg + Uni)

Start from the beginning
                                    

" အင်း အစ်မ... ဒါဆို ကျတော့် မိန်းမက
ကိုယ်ဝန်မဆောင်နိုင်တော့ သူ့ အစား
ကျတော့် က သားအိမ်ထည့်ပြီး
ဗိုက်ကြီးပေးရင်ရော အဆင်ပြေမလား.. "

ညနေပိုင်း ပြင်ဦးလွင်က နာမည်ကြီး
ဆေးရုံကို ဖြူဖြူတို့ သွားကြတော့
ခေါင်ယံမှိုင်းက ရန်ထပ်မဖြစ်တော့ပါ။ အဲ့ဒီ
အစား ဒေါက်တာနဲ့တောင် ပနံသင့်နေလေ
သည်။ ဒါ့က ဒေါက်တာက မိန်းကလေး ဖြစ်
နေတာကြောင့်လို့ ဖြူဖြူ ထင်မြင်မိသည်။

" ဆောင်လို့က ရတယ် မောင်လေး..
ဒါပေမဲ့ အဲ့ဒီလို အမျိုးသားတွေ သားအိမ်
အစားထိုးပြီး ကိုယ်ဝန်ဆောင်တာက
အရမ်း risk များတယ်...အောင်မြင်တဲ့
ရာခိုင်နှုန်းကလည်း အလွန်နည်းတယ်
ဘာလို့လဲဆိုတော့ အမျိုးသားတွေမှာ
ဒီသားအိမ်အတွက် လိုအပ်တဲ့ သဘာဝ
အရွတ်တွေ ၊ သွေးကြောတွေ၊  ဟော်မုန်းတွေ
မရှိဘူး ဒါတွေကို ထောက်ပံ့ပေးနိုင်ဖို့
ပဋိဇီဝ ဆေးတွေ နေ့စဉ်စားသုံးရမယ်
ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းမှာလည်း
ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်
ကလေးကို ကောင်းကောင်းမွန်မွန် မွေးဖွား
နိုင်ခဲ့ရင်တောင်မှ ကိုယ်ဝန်ဆောင်ခဲ့ရတဲ့
ဖခင်အတွက် သုံးစွဲရတဲ့ ဆေးတွေရဲ့
ဆိုးကျိုးတွေကို ခံစားရနိုင်သေးတယ်
မွေးပြီးပြီးချင်းလည်း သားအိမ်ကို ချက်ချင်း
ပြန်ထုတ်ပစ်ရတယ် ... အမျိုးသား
ကိုယ်ဝန်ဆောင်ဖို့ လုပ်ရင်တော့ ကိုယ်ရဲ့
ခန္ဓာကိုယ်နဲ့ သင့်တော်၏  မသင့်တော်၏ ပေါ့
ဒါမျိုးတွေ အများကြီး စစ်ဆေးဖို့ လိုတယ်
မောင်လေးကတော့ ဒီအရွယ်ရောက်နေပြီဆိုတော့
မအောင်မြင်စရာ ဘာအကြောင်းမှ မရှိပါဘူး
ဒါပေမဲ့ ခုဏက အစ်မ အသက်မေးကြည့်ရ
သလောက် ဆယ့်ရှစ်နှစ်ပဲ ရှိသေးတော့
ငယ်သေးသလားလို့...နှစ်ဆယ်လောက် ရောက်
မှ ဆောင်ရင်တော့ အကောင်းဆုံးပေါ့
ဒါဆို ​မောင်​​လေး အမျိုးသား ကိုယ်ဝန်ဆောင်တာ
အနည်းဆုံးတော့ ဘေးကင်းကင်းနဲ့ မွေးနိုင်မယ်လို့
အစ်မ ထင်တယ် "

" အိုကေ ကျတော် စောင့်မယ် အစ်မ...
ကျေးဇူးပါ အခုလို အသေအချာ ရှင်းပြ
ပေးတဲ့ အတွက် "

" ဖြစ်ပါ့မလား ခေါင်ယံမှိုင်း...??
ဒါမှမဟုတ် ငါ ဆောင်ရမလား.. "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now