Part - 53 ( Zg + Uni)

Start from the beginning
                                    

သွေးသစ် နဲ့ ခြားနား မှာလည်း ခေါင်ယံမှိုင်း
ကို ကြည့်ကာ မလွယ်ဘူးဆိုပြီး ခေါင်းတွေ
ခါယမ်းလျက်။


**********************

" မင်း ပြဿနာထပ်မရှာတော့နဲ့နော် ခေါင်ယံမှိုင်း..
ငါတို့ တစ်နေကုန် ရဲစခန်းမှာ အချိန်ကုန်ပြီး
ပြီ... အခု ဒေါက်တာ လာရင် မင်း ပြဿနာ
ထပ်မလုပ်တော့နဲ့ "

ခေါင် ...အပြောနဲ့အတူ ဒေါ်ဖြူဖြူက
သူ့ဆီကို ​စွေ့စွေ့စောင်း​စောင်း အကြည့်
တစ်ချက်ထပ်လွှတ်လာတော့ သူ ဘာမှပြန်မပြော
ချင်တော့ပါ။

မပြောချင်တာထက် မနက်က ဆရာဝန်က
သူတို့ ဆေးရုံဝင်လာကတည်းက
ဒေါ်ဖြူဖြူ ကို စိုက်ကြည့်နေတာလေ။
ဒါကြောင့် သူ အကန်တွေပဲ ပြောပစ်လိုက်တာ။

သူ ပြောလိုက်တော့ မခံနိုင်လို့ ရန်တွေ့လာ
တဲ့ အဆုံး သူ့ အကြိုက်ပေါ့။

ဒါမှ သူ စိတ်မထိန်းနိုင်ဘူးဆိုတဲ့ အကြောင်းပြ
ချက်နဲ့ ဒေါက်တာနှာဘူးကို ထိုးနိုင်မှာလေ။

အစကတည်းက ဒေါ်ဖြူဖြူ ကို ကြည့်နေလို့
သူ ထိုးလိုက်မိရင် အဲ့ဒီအခါ ဒေါ်ဖြူဖြူ က
သူ့ကို စိတ်ဆိုးအုံးမည်။ အကြောင်းပြချက်
ပေးပြီး ထိုးတတ်တာက သူ့ စတိုင်လ်
မဟုတ်ပေမဲ့ ဒေါ်ဖြူဖြူ ရှေ့မှာတော့
ထိုသို့ ဖြစ်အောင် နေရမည်။
သူ့ကို တအားကြီး ရိုင်းတဲ့လူလို့တော့
ဒေါ်ဖြူဖြူ ကို မထင်စေချင်ပါ။

အခုလည်း ငြိမ်သက်နေသော သူ့ကို ခြားနား နဲ့
သွေးသစ် က ကြည့်ပြီး ပြုံးစိစိနဲ့။
သိတာပေါ့ ဒီကောင်တွေ သူ ငြိမ်နေတာကို
စပ်ဖြီးဖြီးလုပ်ချင်နေကြတာလေ။

ခင်​ဗျား​ကြောင့်​ ကျုပ်​က ကျားသူငယ်​​လေး
ဖြစ်​​နေရပြီ....အဲ့ဒါ ခင်​ဗျား သိမယ်​ထင်​ဘူး
ဒေါ်ဖြူဖြူ ။

***************

"   ဒွိလိင် ကိုယ်ဝန်ဆောင်နိုင်ဖို့ က သိပ်ကို
ခဲယဉ်းတယ်... ညီမလေး လိင်အင်္ဂါတွေက
တစ်ထပ်တည်းကျနေတော့
ခွဲစိတ်ပစ်တာတောင် အတော်လေး
စွန့်စားရမယ်... အခန့်မသင့်ရင်
အသက် အန္တရာယ်ကို ထိခိုက်သွားနိုင်တယ်
ဒီတော့ ခွဲမစိတ်ဖို့ပဲ အစ်မ အကြုံပြုချင်တယ် "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now