သတို့သမီးလေး

Mulai dari awal
                                    

ပိုင်စိုးပိုင်နက် သူ့လက်အား ဆွဲကာ အိမ်ထဲသို့ ဦးတည်နေသော အမျိုးသမီးလေး ။ ဟုတ်ပါတယ်.... ၁၅နှစ်ကွာပြီး သူတဖတ်သတ်ချစ်ရပါသော အမျိုးသမီးလေး တီငယ်...

÷÷÷÷÷÷÷÷÷÷÷÷
လက်တော့(ပ်)ဖန်သားပြင်ပေါ်က မင်းသားနှင့်မင်းသမီး ချစ်စကားပြောနေချိန် သူ့အမျိုးသမီးလေးဟာ မျက်တောင်မခတ်တမ်းကြည့်နေ၏။ အမျိုးသမီးလေးကို ငေးကြည့်ရင်း အလွမ်းရာသီထဲ လက်ပစ်ကူးခတ်ချိန်များက အသိစိတ်တွင်း ပြန်လည်ပုတ်ခတ်လာသည်။ သူသိပ်သတိရခဲ့ပါသော သူ့အမျိုးသမီးလေး ။

တစ်ပတ်ဆိုသော အချိန်အတိုင်းအတာအတွင်း အမျိုးသမီးလေးအား မတွေ့ရသော နေ့ရက်ဆိုတာ မရှိအောင် သူအလွမ်းဖြေနေခဲ့၏။ ထိုညသည် Fb ပေါ် နာမည်ကြီးနေပါသော ဇာတ်ကားအားကြည့်ရန် အမျိုးသမီးလေးဆီ ညအိပ်ဖို့ ဖန်လာခဲ့သည် ။ အချစ်ဆိုတာ ထိုသို့ပင် ၊ မြင်နေလျက်နှင့် အလွမ်းဆိုတဲ့ အဓိပ္ပါယ်ကို ကောက်ယူဖွင့်တုန်း ။

ဖရိုဖရဲ စည်းထားသော ခေါင်းစည်းကြိုးကြောင့် မျက်နှာနုနုလေးပေါ်သို့ ဆံနွယ်တချို့က နေရာယူထားလျက် ။ မိတ်ကပ်မပါသော ပြောင်ရှင်းရှင်းမျက်နှာလေးကတင် သူ့မျက်လုံးတွေကို ဆွဲဆောင်နိုင်သည် ။

"ဇာတ်ကားမကြည့်ဘဲ ဘာတွေတွေးနေတုန်း"

သူ့ဖက်ခေါင်းလှည့်ကာ အလိုမကျသလို မျက်မှောင်လေးကြုတ်၍ မေးလာ၏။ ထိုအမျိုးသမီးလေးနှင့် ပတ်သတ်လျှင် သူက အရာရာတိုင်းကို ချစ်မြတ်နိုးနေမိသည် ။

"တီငယ်ကို ကြည့်နေတာ"

"ဟ ဟ အေး ကြည့် ကြည့်"

ဂုတ်ဝဲမကျတကျဖြစ်နေသော သူ့ဆံပင်များအား ဖွလျက် နှုတ်ခမ်းအစုံဖွင့်၍ ခပ်ဟဟ ရယ်မောကာ ဇာတ်ကားထံ ပြန်ကြည့်သွားသော မျက်ဝန်းညိုလေးတွေ ။

ဒီး....ဒီးးးးး

"တီငယ် ဖုန်းပြောလိုက်ဦးမယ် ဝသုန် ကြည့်နှင့်နော်"

လာသောဖုန်းအား ကိုင်ကာ သူ့ခေါင်းညိတ်တုန့်ပြန်မှု မစောင့်ဘဲ အခန်းတွင်းမှ ထွက်သွား၏။ အမျိုးသမီးလေးက သူ့ရှေ့တွင် ဖုန်းဘယ်သောအခါမှ မပြော ။ ချစ်သူရှိလို့လား အတွေးက ခဏခဏ ဝင်လာသော်လည်း တုံးအအ အမျိုးသမီးလေးက ထားမည်မဟုတ်လောက် ။ မိဘတွေကအစ တင်းကြပ်သူတွေ မဟုတ်ပါလား ။

သတို့သမီးလေး/သတို့သမီးလေးTempat cerita menjadi hidup. Temukan sekarang