"ဒါနဲ့ ဘာလို့တွေ့ဖို့ချိန်းတာလဲ"

ပန်းယဉ်လှိုင်စကားကြောင့် နှင်းဆီပွင့်ရောမြူရိပ်ရော ပြောစရာစကားပျောက်ကာ ခဏတာကြောင်သွားပြီး

"ပန်းနဲ့မြူကို မိတ်ဆက်ပေးချင်လို့ပါ ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကို"

သူငယ်ချင်းတဲ့လား။တော်ပါသေးရဲ့။ ခဏ ဘာလို့စိတ်ပေါ့သွားသလိုခံစားမိရတာလား။

"သူငယ်ချင်းတဲ့လား"

မြူရိပ်ဆိုတဲ့ကောင်လေးရဲ့စကားကဘာလဲ။နှင်းဆီပွင့်ကလည်းကိုယ့်ကိုမျက်နှာအရိပ်ကဲကြည့်သလိုကြည့်လာတယ်။တစ်ခုခုပေါ်မှာကိုစိုးရိမ်နေသလိုပဲ။သူတို့နှစ်‌ယောက်ကတကယ်ပဲအတွဲတွေလား။

"မြူ စမနေနဲ့ ပန်းနဲ့ငါက ဒီတိုင်းသူငယ်ချင်း"

ခဏ...အဲ့ကောင်လေးဆိုလိုတာက နှင်းဆီပွင့်နဲ့ငါကိုလား။သေချာပေါက် သူငယ်ချင်းပဲပေါ့။ငါတို့နှစ်ယောက်လုံးကမိန်းကလေးတွေလေ။ဒါပေမယ့် ငါကြိုက်ခဲ့တဲ့လူကမိန်းကလေးလေ။ဒါပေမယ့် ငါနှင်းဆီပွင့်ကိုမှမကြိုက်တာ။ပြီးတော့ နှင်းဆီပွင့်ကြည့်ရတာကလည်း ငါ့ကိုကြိုက်တဲ့ပုံမပေါ်ပါဘူး။ငါက လူရဲ့စိတ်ကိုဖတ်တဲ့နေရာမှာတော်တယ်လေ။

"နင်တို့တွေက ဒီမှာရောက်နေကြတာပဲ"

အသံလာရာကြည့်တော့ မေရီ။ဘာလို့သူက နေရာတိုင်းမှာ ရှိနေသလိုခံစားရတာလဲ။ငါ့ကိုယ်မှာ ခြေရာခံစက်များတပ်ထားတာလား။နှင်းဆီပွင့်ကိုကြည့်တော့ မျက်နှာကိုအပြုံးအရယ်မရှိတော့ပဲ မေရီကို မျက်လုံးနက်တွေနဲ့ကြည့်နေတယ်။နှင်းဆီပွင့်မှာ ဒီလိုစူးရှတဲ့အကြည့်တွေရှိမယ်လို့မထင်ထား။ အမြဲတမ်း ပြုံးရွှင်နေတဲ့အကြည့်တွေနဲ့သာ ကြုံဖူးတယ်။ နှင်းဆီပွင့်ကို ဒီလိုကြည့်တော့လည်း coolဖြစ်သလိုခံစားရတယ်။အကြည့်တစ်ချက်က လူကိုအများကြီးပြောင်းလဲစေပါလားလို့တွေးမိတယ်။

Zawgyi

ကိုယ့်ကိုမမြင်တဲ့အပြင် ထိုကောင်လေးနဲ့ပျော်ရွှင်စွာပြုံးရယ်နေတဲ့ နှင်းဆီပွင့်ကို ဒေါသထွက်မိတယ်။စိတ်ချပါ ငါသဝန်တိုနေတာတော့မဟုတ်ဘူး။ငါ့သူငယ်ချင်းအဖြစ်လက်ခံထားပင်မယ့် သူစိမ်းလိုပဲခံစားရတာကြောင့် သဝန်တိုတာလုံးဝမဟုတ်ဘူး။ငါဘာလို့ ကိုယ့်ကိုယ်ကိုရှင်းပြနေမိတာလဲ။
နှင်းဆီပွင့်တို့ထိုင်နေတဲ့ ခုံနားရောက်တော့ နှင်းဆီပွင့်က စကားပြောနေရာကနေ ကိုယ့်ကိုကြည့်လာကာ

Rose & Garden Where stories live. Discover now