မိတ်ဆက်

1.6K 80 3
                                    


နတ်ဘုရားကမ္ဘာမိတ်ဆက်

အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အင်မတန် ထူးဆန်းတဲ့ ''နတ်ဘုရားကမ္ဘာ''ဆိုတဲ့ နေရာပါ။

အဲ့ဒီနတ်ဘုရားကမ္ဘာမှာ အမျိုးအမည်မသိတဲ့ သားရဲမျိုးစုံ၊ အပင်မျိုးစုံ၊ ဝိညာဉ်မျိုးစုံ ကျက်စားနေထိုင်ကြတယ်။ လူသားတွေဟာ အဲ့ဒီနတ်ဘုရားကမ္ဘာမှာပဲ လူသားတခေတ် ဆန်းသစ်စေမဲ့ စနစ်တွေကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။

အဲ့ဒီနတ်ဘုရားကမ္ဘာကို ဟန်ဆန်းဆိုတဲ့ လူငယ်လေးတယောက် ရောက်လာတဲ့အခါ ''နတ်ဘုရားကမ္ဘာက ဟန်ဆန်း''ဆိုတဲ့ ဇာတ်လမ်းတပုဒ်စတင်ခဲ့ပါတယ်။ သုညဘဝကနေ စတင်ကြိုးစားခဲ့ရတဲ့ ဟန်ဆန်းရဲ့ ဘဝမှတ်တမ်းပါပဲ။
-------- --------- -------- ------- --------
ဟန်ဆန်းမိတ်ဆက်

ဟန်ဆန်းဟာ ဟန်ဆန်းအနေနဲ့ တစ်ဖုံ၊ အညတရ ဘဝသရုပ်ကို မဖော်ထုတ်ချင်လို့ ဒေါ်လာအနေနဲ့ တစ်မျိုး၊ စရိုက်နှစ်မျိုးနဲ့ လှုပ်ရှားခဲ့တယ်။ ဟန်ဆန်းဟာ လောဘကြီးတဲ့ စီးပွားရေးသမားတယောက်လဲ ဖြစ်ပါတယ်။

ဟန်ဆန်းဟာ သိုင်းပညာမှာ ပါရမီရှင်ပါ။ သူဟာ လေးပညာနဲ့ အလစ်ချောင်းတိုက်ခိုက်ရာမှာ ထူးချွန်တယ်။ ဆုံးဖြတ်ချက်ချတာနဲ့ ကြိုတင်ခန့်မှန်းရာမှာ မှန်ကန်တိကျတယ်။ အခြားသူတွေနဲ့ တိုက်ခိုက်ရင်း သူတပါးရဲ့ သိုင်းပညာနဲ့ စွမ်းအင်စီးကြောင်းတွေကို မိတ္တူ ကူးနိုင်တယ်။

ဟန်ဆန်းရဲ့ အဖေဟာ ကားမတော်တဆမှုတစ်ခုကြောင့် သေဆုံးခဲ့ပြီး သူ့အဖေရဲ့ ကုမ္ပဏီကို ကြယ်စင်အုပ်စုက ရယူသွားခဲ့တယ်။ အဲ့ဒီနောက် အခြားဟန်မိသားစုဝင်တွေက ဟန်ဆန်းတို့သားအမိသုံးယောက်(ဟန်ဆန်း၊ ဟန်ဆန်းအမေ၊ ဟန်ဆန်းညီမ)ကို နှိမ့်ချဆက်ဆံခဲ့ကြတယ်။ ဒါကြောင့် ဟန်ဆန်းတို့မောင်နှမနှစ်ယောက်ဟာ အနှိမ်ခံဘဝနဲ့ ကြီးပြင်းခဲ့ရတယ်။

ဒါပေမဲ့လဲ ဟန်ဆန်းဟာ ပထမနတ်ဘုရားကမ္ဘာကို ရောက်ရှိပြီး ရွှေပိုးကောင်နက်ဆီက အနက်ရောင်ပုံဆောင်ခဲကို မတော်တဆ ရရှိခဲ့ရာမှ ဘဝတစ်ဆစ်ချိုး ပြောင်းလဲခဲ့ပါတယ်။

'' ထွတ်မြတ်သွေးသားရဲ ရွှေပိုးကောင်နက်သေဆုံး၊ သားရဲဝိညာဉ်ရရှိ၊ အသားကို စားပြီး သုညလား၊ တစ်ဆယ်လား၊ ဘယ်နှမှတ်ရမလဲ၊ ကံစမ်းပါ ''
-------- --------- -------- ------- --------

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now