Part - 51 ( Zg + Uni)

Start from the beginning
                                    

ဒေါ်ကြည်ဖြူခင် က ကျေနပ်အားရနဲ့
ဝမ်းသာပီတိဖြစ်စွာ ပြောနေသလောက်
ကျန်တဲ့ လူတွေရဲ့ မျက်နှာမှာတော့
သွေးပင် မရှိချင်တော့သလိုပေ။
ထိုထဲမှာ ချစ်သည်းမာန် သူငယ်ချင်း
သရဖီ တော့ မပါခဲ့ပါ။

သွေးပျက်သွားတဲ့ သူတွေထဲ ဒေါ်တင်မြိုင်
ကလည်း ထိပ်ဆုံးကပေ။

" ဟင့်အင်း မမလေး လုပ်လို့ မရဘူး...!!
မမလေး လုပ်လို့ မရဘူး.. မဟုတ်ရင်
မမလေး နောင်တရလိမ့်မယ် "

ပြောလာသော ဒေါ်တင်မြိုင် စကားကို
ဒေါ်ကြည်ဖြူခင် နားမလည်သလို ဖြစ်သွား
ကာ... .

" ကျမက ဘာလို့ နောင်တရမှာလဲ ကြီးတင်မြိုင် ..
နောင်တရ ရအောင် သူ့က ကျမ သမီးမှ
မဟုတ်တာ "

" ဟုတ်တယ် လွန်ကြိုးဖြူဖြူ က
မမလေး သမီး.... ဆုံးသွားပြီဆိုပြီး
အစ်ကိုလေး နဲ့ ကျမ နဲ့ လိမ်ထားတဲ့ မမလေး
ရဲ့ သမီးအကြီးပဲ "

" ဘာ...!!  "

" ဟင်..."

အံ့ဩသွားသော လူတွေ၊  ဒါ့အပြင်
မယုံနိုင်သလို ဖြစ်သွားသော ဒေါ်ကြည်ဖြူခင်
ရဲ့ မျက်နှာကလည်း မယုံနိုင်ကြည်စွမ်းတွေ
နဲ့အတူ သွေးပျက်လို့ သွား၏ ။

သို့သော် ထိုအမူအရာကို သူမ ချက်ချင်း
တန်းပြင်ပြီး....

" ဘာလဲ ကြီးတင်မြိုင်... ကြီးတင်မြိုင်
ကပါ မာသာတို့ ဘက်ကလား
ဒါကြောင့် ကျမကို လျှောက်ပြောနေတာ
မလား...? ? "

" မဟုတ်ဘူး မမလေး... ကျမ
လျှောက်မပြောဘူး လွန်ကြိုးဖြူဖြူ က
မမလေး ရဲ့  သမီးအရင်းပဲ... သေသွားပြီဆိုပြီး
အစ်ကိုလေး နဲ့ ကျမ လိမ်ထားတဲ့
မမလေး ရဲ့ သမီး အကြီးမလေးပဲ...
မမလေး ရဲ့ သမီးအကြီးမ​လေးက မွေးကတည်းက
လိင်နှစ်ခုပါလို့ အစ်ကိုလေးက ကျမကို
ရထားလမ်းဘေးမှာ  စွန့်ပစ်ခိုင်းခဲ့တာ. .. "

"  ဒါပေမဲ့ ကျမ စိတ်မကောင်း ဖြစ်ပြီး
သနားလို့ မစွန့်ရက်ခဲ့ဘူး.. .ရထားလမ်း
ဘေးက မြက်ရိုင်းတွေ ကြားထဲမှာပဲ ကျမ စွန့်
ပစ်ခဲ့တာ... အဲ့ဒါ မမလေးအိမ်က ဒရိုင်ဘာ
အောင်တုတ် လည်း သိတယ်... မမလေး
မယုံရင် သူ့ကို မေးကြည့်ပါ. ..အကြီးမ​လေးကို
ကျမ စွန့်​ပစ်​တုန်းက သူ့ ရင်​ညွှန့်​မှာ
မှည့်​စိမ်း​လေး သုံးလုံးတန်းရက်ကြီး ရှိ​နေတယ်
အဲ့ဒါကို ကျမ လွန်​ကြိုးဖြူဖြူ ဆီမှာ
တွေ့လိုက်​တယ်​  ဒါ့ကိုမှ မမလေး မယုံသေးဘူးဆိုရင်
လွန်ကြိုးဖြူဖြူ က ဒွိလိင် ဟုတ်လား
မဟုတ်လားဆိုတာ ဒီက မာသာ နှစ်ယောက်ကို
မေးကြည့်လိုက်ပါ  ဒွိလိင်​ ဟုတ်နေရင်
လွန်ကြိုးဖြူဖြူ က မမလေးရဲ့ သမီး အရင်းပဲ....
အစ်ကိုလေး လွန်ကြိုးဖြူဖြူ က ဒွိလိင် ဖြစ်လို့
အစ်ကိုလေး စွန့်ပစ်ခိုင်းခဲ့တဲ့ အစ်ကိုလေး
ရဲ့ သမီးအကြီးမလေးပါ "

အချစ်ကသူ‌စေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now