Part - 51 ( Zg + Uni)

Start from the beginning
                                    

လက်ကို လာကိုင်ရင်း အသနားခံလာသော
ဒေါ်ဆုမြတ်ရှင် ကို ဒေါ်ကြည်ဖြူခင်
အလိုမကျသလို ကြည့်ရင်း....

" ကျမ သမီးလေးကရော ဆုမြတ်.. .
ကျမ သမီးလေးက အခုထိ သတိမရသေးဘူး
နော် .....အခုချက်ချင်း သားခေါင်ယံ
ကို ရှင် ဖုန်းဆက်ပြီး ခေါ်လိုက်ပါ.. .
ကျမ ရှင့် သားကို ဘာမှ မလုပ်ဘူး
ကျမ လုပ်ချင်တာ လွန်ကြိုးဖြူဖြူ ကိုပဲ "

" ငါ သိပါတယ် ကြည်ဖြူ.. .ဒါပေမဲ့
နင့်က လွန်ကြိုးဖြူဖြူ ကို အထက်တိုင်
ထားတော့ မနက်ဖြန်ဆို တရားရုံးတက်ရ
တော့မယ်လေ...အဲ့ဒါ အခု ငါ့ သားက
သူ့ကို ခေါ်ထားတော့ ငါ့ သားပါ အမှုပတ်
နေပြီ​.. .မတော်လို့ ငါ့ သားပါ ထောင်ကျသွားရင်
ဘယ်လိုလုပ်မလဲ...??  "

" မသိဘူး.... ကျမ သိတာက လွန်ကြိုးဖြူဖြူ
ထောင်ကျကို ကျရမယ် "

" အဲ့ဒီလို မပြောနဲ့လေ ကြည်ဖြူ...
အခု ငါ့ သားက လွန်ကြိုးဖြူဖြူ နဲ့
ရှိနေတာ... နင် လွန်ကြိုးဖြူဖြူ ကို
တိုင်ထားတာ မပယ်ဖျက်ရင် ငါ့ သားပါ
ထောင်ကျမှာပေါ့ "

" ဟုတ်ပါတယ် မမလေး ရယ်.. .အမှုကို
ဒေါ်တင်မြိုင်တို့ ကြေအေးပေးလိုက်ကြ
ရအောင်နော် "

" မာသာတို့ရဲ့ ဖြူလေး ကို ဘာမှမလုပ်ပါနဲ့
ကြည်ဖြူ ရယ်... အမှုကို ရုတ်သိမ်းပေး
ပါနော် မာသာ ရှိခိုးပြီး ​တောင်းပန်​ပါ့မယ်​ "

" ဟုတ်ပါတယ် အစ်မကြည်ဖြူ... ဖြူဖြူ
ကို ခွင့်လွှတ်ပေးပါနော် "

ဒေါ်တင်မြိုင်၊  မာသာ နဲ့ ထွေးထွေး ကပါ
ဝင်ပြီး ပြောလာတော့ သားဖြစ်သူအတွက်
ပူလောင်နေတဲ့ ဒေါ်ဆုမြတ်ရှင် အနည်းငယ်
စိတ်အေးသွားခဲ့သည်။ သို့သော် သူမ
စိတ်အေးသွားမှုက ခဏတာပင်။ နောက်ဆက်
တွဲပြောလိုက်သော ဒေါ်ကြည်ဖြူခင်
စကားကြောင့် သူမ မျက်နှာက သွေးပင်
မရှိချင်တော့။

" လုံးဝ ခွင့်လွှတ်မပေးနိုင်ဘူး.. .
ခေါင်ယံမှိုင်း လွန်ကြိုးဖြူဖြူ ကို
ခေါ်သွားလည်း ဘာအရေးလဲ...? ?
ကျမ ရဲတွေနဲ့ ပိုက်စိပ်​တိုက်လိုက်ရှာခိုင်း
ပြီး တွေ့တာနဲ့ ထောင်ထဲမှာ
တစ်သက်တစ်ကျွန်း နေရအောင် လုပ်ပြမယ်..
အခုဆို တရားခံက ထွက်ပြေးသွားတော့
အမှုက ပိုကြီးသွားပြီ.. .တစ်သက်တစ်ကျွန်း
ကျဖို့က အသာလေးပဲ "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now