↪7↩

167 32 38
                                    

- yeonjunနဲ့အတူပြန်လာရတဲ့ အိမ်ပြန်လမ်းက ဖြောင့်ဖြူးနေသည်။ စကားလေးတပြောပြောဖြင့်ပြန်လာတာ အိမ်ရှေ့အထိရောက်လာပြီဖြစ်သည်။ -

"Yeonjunပြန်တော့လေ။ ညမှောင်နေပြီကို " (sb)

"Soobinအထဲဝင်တာကြည့်ပြီးမှ ပြန်မယ်။ " (yj)

"Yeonjunပြန်တာကြည့်ပြီးမှ ကျွန်တော်အိမ်ထဲဝင်မှာ။ " (sb)

"အထဲအရင်ဝင်ပါ။ " (yj)

"အရင်ပြန်ပါ။ "(sb)

"အတူတူသွားရအောင်။ " (yj)

"ဟုတ်ပြီလေ " (sb)

- soobinကိုဖက်ထားသည့်လက်ကိုလွှတ်လိုက်ကာ နှဖူးလေးကို နမ်းသွားသည်။ -

" အထဲမြန်မြန်ဝင်တော့။ "(yj)

- ခေါင်းလေးကိုဖွဖွလေးပုတ်ကာ ဆံပင်တွေကိုထိုးဖွလိုက်သည်။ -

"ဟုတ်ကဲ့ Yeonjun" (sb)

- ရှက်ပြုံးတစ်ခုကို ပြုံးကာ အိမ်ထဲကိုပြေးဝင်သွားခဲ့သည်။ yeonjunလည်း မျက်စိတစ်ဆုံးကြည့်ပြီးမှ အီမ်ကိုပြန်သွားခဲ့သည်။ မြင်တွေ့သွားသောလူများလည်းရှိသည်။ -
.
.
.
-တစ်နေ့ကုန်အပြင်လည်းမထွက် အနောက်အိမ်တွင်သာနေနေကာ beomgyuနဲ့အတူရှိနေကြသည်မှာ အိမ်ပြန်ချိန်ကိုတောင်ရောက်၍ မခွဲနိုင်မခွာရက်ဖြစ်နေကြသည်။ မနည်းခေါ်ထုတ်လာလို့သာ အခုအိမ်ပြန်နေရခြင်း။ သိပ်မမှောင်ခင်အချိန် ဖြစ်သောကြောင့် အစစ်အဆေးမရှိ။ သူတို့ထိုအိမ်နေရာနဲ့အနောက်အိမ်ကိုတော့ကောင်းကောင်းမွန်မွန်သွားလာတတ်နေပြီဖြစ်သည်။  hueningက taehyunပြောသောစကားကို အိမ်ပြန်လမ်းတစ်လျှောက်တွေးနေသည်။ -

*beomgyuက ငါတို့ဆီကိုလိုက်လို့ရပါ့မလား။
ဘယ်အရာကိုမှ ဟိုဘက်ကိုမပါသွားဘူးလေ။ နောက်ဆုံး ဒီဘက်မှာရတဲ့ဒဏ်ရာတောင် ဟိုဘက်မှာပျောက်သွားတာ။ လူက လာလို့ရပါ့မလား။ အဲ့လိုဆို timelineကရှုပ်သွားမှာမဟုတ်ဘူးလား။ အာ မသိတော့ဘူး။ ဒါကပြဿနာလား။ ပြန်ဖို့တောင်ဘယ်လိုပြန်ရမလဲမသိတာ။ *

"ဘာတွေတွေးနေတာလည်း "(th)

"ဒီကိုရောက်မှ ငါတို့နှစ်ယောက်တည်းရှိတဲ့အချိန်နော်။ စကားသေချာပြောကြရအောင်။ " (hk)

Back (Mirror Mirror , Show back our love)[Completed]Where stories live. Discover now