Of course , I fell first

704 69 11
                                    

ဆယ်ကျော်သက်အရွယ်တဲ့လေ...
သစ်ရွက်လေးလှုပ်ရင်တောင်ရင်ခုန်ရပါသတဲ့ ...
ကျွန်တော်ဂျွန်ဂျောင်ကုအတွက်တော့
ဖမ်းဆုပ်မရသောမြူငွေ့ဆန်ဆန်အချစ်ဆိုတာထက်
သီချင်းသံစဉ်လှိုင်းငယ်တို့ကသာ
ပါရမီဆိုသည့်သဏ္ဍာန်ကိုလှုပ်နိုးစေဖူးသည်လေ ။

စာသားလေးတွေညည်းတိုင်း
တေးသွားလှလှလေးတွေက
ကျွန်တော်သွေးကြောထဲထိ
ပျော်ဝင်ကခုန်နေတော့တာပါပဲ
မိုက်ခ်ကိုကိုင်လိုက်တာနဲ့...
အို ဘယ်အပြောကောင်းပါ့မလဲ
တလောကလုံးကိုအပိုင်စားရသွားတဲ့အတိုင်းပါလား ။

ခမ်းခမ်းနားနားအိမ်မက်လေးကို မက်မိသည် ။
ဟုတ်သည် ...
အဆိုတော်တယောက်ဖြစ်ချင်သည် ။
အနုပညာသည်တယောက်ဖြစ်ရမည် ။
အသာတကြည်ပဲခွင့်ပြုပေးတဲ့မိဘတွေအတွက်
ဒီသားအငယ်လေးက
ဘယ်တော့မှစိတ်မပျက်စေရဘူးဆိုတဲ့ကတိကို
အကြိမ်ကြိမ်ပဲစိတ်နှလုံးတွင်းမှပေးရတယ် ။

အိမ်မက်တွေကိုလှေအပြည့်တင်
မိသားစုနဲဝေးရာကမ်းကပ်လာခဲ့တဲ့
ကောင်လေးတယောက်က
ဘာတွေများလိုချင်လို့လဲဆို
လူတွေရဲ့အသိမှတ်ပြုတာတွေနဲ့အချစ်တွေပါပဲ

ပြက္ခတိန်ရွက်စုတ်အားဖြင့်
ရက်စွဲဟာ ၄ဂဏန်း ။
ခုနှစ်၊လပိုင်းခြားဟာဖြင့်
ဇွန်လ ၂၀၁၁ ကိုညွှန်ပြနေပါ၏။

ရောင်ခြည်နွေးလေးက
ကုမ္မဏီပြတင်းကိုထိုးဖောက်နေ၏
ဒီအခိုက် ...
နားထဲဝင်တိုးဝင်သည်ကခပ်စွာစွာအသံလေး ၊
နှုတ်ဆက်သည်ကမဂ်လာပါလို့ဆိုလေသလား ။
အမြင်အာရုံတို့ထဲကျူးကျော်လာသည့်
ထိုမျက်နှာဟာ ခပ်ချောချောလေး။
ပတ်ဝန်းကျင်တခုလုံးကရပ်တန့်သွားသည့်နှယ် ၊
သူ့နှုတ်ဆက်သည့်စကားတို့ကိုဝေတဝါးကြားရသည်

ဆိုးလ်ကိုစတက်လာတဲ့ကျွန်တော်ဟာ
ချောတဲ့သူတွေကိုသိပ်မမြင်ဖူးဘူးထင်ပါရဲ့။

ဘုရားရေ ချောလိုက်တာဆိုတဲ့စကားလုံးတို့က
ကျွန်တော့်နှလုံးသားလေးကနေ
ခုန်ထွက်ကျမတတ်ပါပဲ ။
မျက်ခုံးတို့ကနက်မှောင်ပါဘိ
မျက်တောင်စတို့မှာကော့ညွတ်ချင်ချင်ရှိသည်
မျက်ဆံဝတ်လေးတို့မှာညိုဆွေးလို့ ။
နှာတံစင်းစင်းလေးက
ပန်းပုရုပ်လေးတို့တွင်ထုလုပ်ကြသည့်အတိုင်း
ထိပ်နားချွန်စွာအနားသတ်ပါသေးသည်။
ထူထဲထဲနှုတ်ခမ်းတို့ကလက်ရာအမြောက်ဆုံးအနုပညာပဲ
မနက်ခင်းကမှပွင့်အာထားတဲ့နှင်းဆီရဲရဲတို့အတိုင်း
ဖူးစိုနေပြန်တော့ပါသည် ။

POV : His Jin HyungWhere stories live. Discover now