"ကြည့်ရတာ ငါကမင်းကို သက်သက်အကျိုးမြတ်ပေးမိလိုက်တာပဲ Wow!"

"ဒါကျွန်မတောင်ဆိုတာမဟုတ်ဘူးနော် ရှင့်ဘက်ကရက်ရောတာ"

ထို့နောက်သူတို့နှစ်ယောက်လုံးသဘောကျစွာရယ်မောနေရင်း
ချန်ရင်ပြည်လည်တည်ညိမ်သွားပြီး ရွှယ်ဟွားဘက်ကိုလှည့်၍

"မိန်းကလေးရွှယ် မင်းကအားလုံးကိုကြိုသိလျှက်နဲ့ ငါ့ကိုကစားခဲ့တာပဲ"

"ကျွန်မကြိုမသိပါဘူး ရှင့်ဘက်ကအရမ်းလောသွားတာ တကယ်လို့ရှငိအတွင်းရေးမူးသာတစ်ညလောက်နောက်ကျပြီးမှလာရင် ကျွန်မလဲဒီလောက်များတဲ့ပမာနကိုရမှာမဟုတ်တော့ဘူး"

အမှန်တွင်ထိုညသူမဘားကပြန်သည့်အချိန်ကြမှကျန်းကောသည်Cctvမှတ်တမ်းတစ်ချို့သူမအားပို့လာ၍ တရားခံကိုခြေရာခံမိခဲ့တာဖြစ်သည် အမူတွေအားလုံးကိုစစ်ဆေးချိန်မှာ

ဝမ်ရော့က ဖောက်ပြန်နေခဲ့ပြီး လုလီကလက်ပူးလက်ကျပ်မိသွား၍ ရန်ဖြစ်ကြရင်းမတော်တဆတိုက်ပေါ်ကတွန်းချခဲ့မိချင်းဖြစ်ပြီး ဉာဏ်ကောင်းတဲ့အမြှောင်မယားလေးက အဖမ်းခံရမှာကြောင့် Cctvမှတ်တမ်းများကို ဖြတ်ဆီးပြီးမသိသလိုနေခဲ့သည် သို့ပေမဲ့ သူမဆီမှာအရမ်းတော်တဲ့နည်းပညာသမား​လေးရှိခဲ့သည်မဟုတ်ပါလား

ချန်ရန်ရွှဟွားအနားပိုမိုတိုးကပ်လိုက်ပြီး သူတို့မျက်နှာချင်းဆိုင်ဖြစ်သွားကာ
ချန်ရင်ခေါင်းကိုအနည်းငယ်နှိမ့်ချလိုက်ပြီး လက်တစ်ဖက်ကရွှယ်ဟွားပုခုံးကိုဖိကိုင်လိုက်၍ ချန်ရင်အသာပြုံးလိုက်ရင် ရွှယ်ဟွားမျက်လုံးကိုတည့်တည့်ကြည့်၍

"ကိုယ်က ကစားလို့ကောင်းတဲ့သူတော့မဟုတ်ဘူးနော် ကိုယ်ကပဲအရာအားလုံးကိုလက်ထဲမှာထိန်းချုပ်ပြီးကစားရတာကိုကြိုက်တာ တကယ်ဆို ကိုယ်က မင်းကို ကိုယ့်ရဲ့အရုပ်လေးဖြစ်စေချင်တာ ဒီလိုအရမ်းထက်မြတ်နေတာ ကိုယ့်ကို ဒေါသထွက်စေတယ်နော် ဟွားအာ.."

ရွှယ်ဟွား ချန်ရင်ပြောတဲ့စကားတွေထဲမှအစကဘာမှမခံစားရ နောက်ဆုံး ဟွားအာ လို့သူမကိုခေါ်လိုက်တဲ့အခါမှတော့ သူမခံစားချက်တွေရှုပ်ထွေးသွားသည်။

You've reached the end of published parts.

⏰ Last updated: Apr 02, 2023 ⏰

Add this story to your Library to get notified about new parts!

အရာအားလုံးစတင်ခဲ့သောကျွန်မ-S2Where stories live. Discover now